Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

ယမန်နေ့မှအဆက်

လူထုရင်ဖွင့်သံ သတင်းဌာနမှ အယ်ဒီတာ ဦးမင်းဂေါင်က လုံခြုံရေးကိစ္စနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်သံများကို နေ့စဉ်နှင့်အမျှ ကြားနေရပါကြောင်း၊ လုံခြုံရေးကိစ္စဆိုလျှင် နံပါတ်တစ် ရဲတပ်ဖွဲ့နှင့်တပ်မတော်ကို လူတွေပြေးမြင်ကြကြောင်း၊ တကယ်ဆိုလျှင် အုပ်ချုပ်ရေး၏ အခြေခံယန္တရား မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် လည်းအဓိက ပါဝင်ကြကြောင်း၊ အခြေခံ ကျသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သည် တရားဥပဒေစိုးမိုးရေးနှင့် ဒေသအတွင်းလုံခြုံရေးတွင် အဓိကတာဝန်ရှိ သည့်အတွက် အုပ်ချုပ်ရေးမှူးများကို ပြောင်းလဲပြီး ရွေးချယ်ခန့်အပ်လိုက်သည့် အခါ အချို့ကိစ္စများမှာ မိမိတို့ထံသို့ ပြည်သူများမှ တက်လာသည့်အသံများ vopsiclopèa CRPHI NUG I PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီးသား အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် အုပ်ချုပ်ရေးမှူးများ တက်လာသည်ကိုလည်း တွေ့ရှိရသည့်အတွက် ရပ်ကျေး၏ အခြေခံ အုပ်ချုပ်ရေးယန္တရားအတွက် လိုအပ်သည့် အုပ်ချုပ်ရေးမှူးများကို စနစ်တကျ ပြန်လည်စိစစ်ပြီးရွေးချယ်ရန် ရှိ/မရှိနှင့် စနစ်တကျမှန်ကန်စွာနှင့် တကယ် ပူးပေါင်းဆောင်ရွက်လာသည့် အုပ်ချုပ်ရေးမှူးများ၏ မိသားစုဘဝလုံခြုံရေးကိုလည်း ဘယ်လိုတာဝန်ယူမလဲဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

လုံခြုံရေးဆောင်ရွက်ပေးရမည် ၊ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ ရန်ပြုခံရသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရန်ပြုခံရ၍ ထိခိုက် ဒဏ်ရာရရှိသည့် အုပ်ချုပ်ရေးမှူးများလည်း တွေ့ရှိရကြောင်း၊ ရပ်၊ ကျေးများနှင့်ပတ်သက်၍ အဓိကပစ်မှတ်ထား တိုက်ခိုက်ခံရကြောင်း၊ နောက်ပိုင်းတွင် ကျောင်းများနှင့်ပတ်သက်၍ အဓိကပစ် မှတ်ထားပြီး ဆောင်ရွက်လာသည်များကိုလည်း တွေ့ရှိရကြောင်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အောက်ခြေမှာ ပြောနေသည့် အသံများသည် ယခင်ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပြန်ခန့်သည့်အတွက် အလုပ်မဖြစ်ကြောင်း၊ အချို့လူများသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေနှင့် ထိုလူများကို ခန့်ထားခြင်းနှင့် ပတ်သက်၍ သဘောမတူကြောင်းပြောသည်များလည်းရှိကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ သည် အုပ်ချုပ်ရေးယန္တရားတွင် အခြေခံ ကျသည့် အုပ်ချုပ်ရေးယန္တရားဖြစ်ကြောင်း၊ ယခင်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခန့်ထားသည့် အခါမှာ ပါတီဝင်များကိုပဲ အဓိကထားပြီး ခန့်ထားခဲ့သည်ဆိုသည့် အဖြစ်အပျက်များလည်းရှိကြောင်း၊ ထို့ကြောင့် ယခု ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကို ခန့်သည့်အခါ အခက်အခဲကြုံနေရ သည့် ကိစ္စများလည်းရှိကြောင်း၊ သို့သော်  ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ နံပါတ်တစ်အချက်  လုပ်ပေးရမှာသည် ၎င်းတို့၏ လုံခြုံရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏လုံခြုံရေးဆောင်ရွက် မပေးနိုင်သေး သရွေ့ ယခုအခက်အခဲမှာ ပြေလည်ရန် နည်းသည်ကိုလည်း မိမိတို့မြင်ကြောင်း၊ ယင်းကိစ္စကိုလည်း ဆောင်ရွက်ပေးရန်  လုပ်ဆောင်လျက်ရှိကြောင်း၊ သို့သော် ပြည့်ပြည့်ဝဝ မဖြစ်ခြင်းကို ဝန်ခံလိုပါကြောင်း ရှင်းလင်းဖြေကြားသည်။

လူထုရင်ဖွင့်သံ သတင်းဌာနမှ  အယ်ဒီတာ ဦးမင်းဂေါင်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဘားကျေးရွာ အုပ်စုမှ တောင်သူ ၄၅ ဦး တရားစွဲခံထားရကြောင်း၊ ၎င်းတောင်သူများသည် ၂၀၁၁ ခုနှစ်ကတည်းက ပဲခူးတိုင်း မိုးစပါးက သိန်း ၃၀ စီမံကိန်းဆိုပြီး ရေနက်ကွင်းများကို ပင်ပန်းကြီးစွာဖော်ထုတ်ပြီးမှ စိုက်ပျိုးလာသည့် တောင်သူများဖြစ်ကြောင်း၊ ထို့အပြင် ၎င်းတို့မှာသက်ဆိုင်ရာ ပြေစာများရှိသလို သက်ဆိုင်ရာအစိုးရသည် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်စာအုပ်များလည်း ထုတ်ပေးထားသည်များရှိကြောင်း၊ ထိုစာအုပ် များရှိခဲ့သည့်အပြင် ၎င်းတောင်သူများသည် ၂၀၁၁ ခုနှစ်မှာကတည်းကတိုင် မြို့နယ်၊ ရပ်ကျေးအဆင့်ဆင့်မှ စားကျက်ပယ်ဖျက်ဆိုသည်ကို သက်ဆိုင်ရာ ခရိုင် Collector အရာရှိတစ်ယောက်ကို တင်ပေးထားပြီးဖြစ်ကြောင်း။

သို့သော်လည်း ၎င်းတို့ပါတီကို မထောက်ခံလို့ဆိုပြီး ပါတီထောက်ခံသည့် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ် စားလှယ်နှင့် ဝန်ကြီးချုပ်တို့ပေါင်းပြီး ဒေသတောင်သူများသည် စားကျက်ထဲ မှာ ပြုလုပ်သည်ဆိုပြီး တရားစွဲခံရသည့် အနေအထားဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဝန်ကြီးချုပ်ကို တွေ့ခွင့်အကြိမ်ကြိမ် တောင်းသော်လည်း မရခဲ့ပါကြောင်း၊ ထို့ကြောင့် တိုင်းအုပ်ချုပ်ရေးမှူးကို တောင်းပါကြောင်း၊ ထိုအခါတိုင်းအုပ်ချုပ်ရေးမှူးသည် စားကျက်ထဲမှာ တောင်သူများ၏ စိုက်ပျိုးထားသည့် ဧက ၄၀၀ ကျော်ရှိသည့်အတွက် တောင်သူများ၏ မိသားစုဘဝ ဆုံးရှုံးသည်သာမက နိုင်ငံတော်အတွက်ပါ ဆုံးရှုံးသည်ဆိုပြီး တိုင်းအုပ်ချုပ်ရေးမှူးက ရေသွင်းခွင့်၊ ရိတ်သိမ်းခွင့်ကို စီမံပေးပေမယ့်လည်း လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်မှ ချေဖျက်သည့်အတွက် အစီအစဉ်လည်း ပျက်ခဲ့သည့်အပြင် စပါးများသည် ရင့်မှည့်၊ ခြောက်သွေ့ပြီး ဆုံးရှုံးခဲ့ရကြောင်း၊ ထို့ကြောင့် အမျိုးသားလွှတ်တော်၏ လယ်သမားရေးရာ ကော်မတီ ဦးစောဘမျိုးသိန်းနှင့် ဦးစိုးဝင်းတို့ကို သွားတွေ့ပါကြောင်း၊ ၎င်းတို့နှင့် တွေ့သော်လည်း ယင်းကိစ္စ သည် ၎င်းတို့နှင့် မဆိုင်ကြောင်း၊ ၎င်းတို့ သည် သိမ်းဆည်းခံမြေနှင့်သာ ဆိုင်ကြောင်း၊ မိမိတို့ကို တောင်သူများ၏ ရှေ့မှာပင်ပြောကြောင်း၊ လယ်သမားရေးရာကော်မတီဖြစ်သော်လည်း ၎င်းတို့တာဝန် မယူပေးသည့်အတွက် ယခုတောင်သူများမှာ တရားစွဲခံနေရကြောင်း၊ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်စွဲ နှင့် ပြန်တင်ပြထားကြောင်း၊ ထိုတင်ပြချက်ကို အောက်ခြေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တို့၏တွေ့ဆုံညှိနှိုင်းပြောပြချက်အရ ပြီးခဲ့ သည့် ၁၁ ရက်နေ့မှာ မြို့နယ် အုပ်ချုပ် ရေးမှူးမှ ယင်းကိစ္စသည် ယခင်လွှတ်တော်ကိုယ်စားလှယ်နှင့် ယခင်အစိုးရ လုပ်ခိုင်းလို့ လုပ်ရခြင်းဖြစ်သည်ဟု ရှောင်ထွက်သွားသည ့်သဘောပြောသည့်အတွက် တောင်သူများအနေနှင့် သက်သာခွင့်ရမည့် အနေအထားဖြစ်ကြောင်း။

သို့သော် တောင်သူများမှာ ထိုသို့ စိုက်ပျိုးလုပ်ပိုင်ခွင့်ကို ပြီးခဲ့သည့် ခရိုင် Collector အရာရှိ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က အတိုင်း စားကျက်ပယ်ဖျက်တင်ပေးထား ကြောင်း၊ ထို့အပြင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း တစ်ဆက်တည်း စိုက်ပျိုးလာပြီး ရပ်၊ ကျေးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ မှနေ၍လည်း စားကျက် ပယ်ဖျက် တင်ပေးထားကြောင်း၊ ထို့နောက် NLD အစိုးရလက်ထက်မှာလည်း ၂၀၁၉ အထိ တစ်ဆက်တည်း စိုက်ပျိုးခဲ့ကြောင်း၊ သို့ပေမယ့် ၂၀၁၉ ကျမှ ၎င်းတို့ကို မထောက်ခံလို့ဆိုပြီး ဒီတောင်သူအများစုကို စားကျက်ထဲပါ တယ်ဟုဆိုကြောင်း၊ တောင်သူများမှာ မတရားနစ်နာပြီး ယခုတရားလည်း အစွဲခံနေရကြောင်း၊ ပုဒ်မ ၁၄၄ အကြိမ်ကြိမ် ထုတ်သည်မှာရှစ်ကြိမ်ရှိပြီဖြစ်ပါကြောင်း၊ စိုက်ထားသည့်သီးနှံများ ခြောက်သွေ့ပြီး ရေသွင်းခွင့်မရ၊ ရိတ်သိမ်းခွင့်မရသည့်အတွက် ယခုလယ်များလည်း ပျက်နေပြီ ဖြစ်ကြောင်း၊ ဧက ၄၀၀ ရှိပြီး နွေစပါးဆို လျှင် ၁၂၀ လောက်အထိထွက်ပြီး မိုးစပါး ဆိုလျှင် ၈၀ လောက်အထိ ထွက်ကြောင်း၊ ထို့ကြောင့် တောင်သူမိသားစုများ အတွက်သာ မဟုတ်ဘဲ နိုင်ငံတော် အတွက်လည်း အများကြီးနစ်နာရကြောင်း၊ ယခု ကိုဗစ်ကာလမှာဆိုလျှင် တောင်သူများ၏ စီးပွားရေးမှာ ကျပ်တည်းပြီး အချို့ဆိုလျှင် စားသောက်ရန် အတွက်ကိုပင် အနိုင်နိုင်ဖြစ်နေသည့် အနေအထားများရှိနေကြောင်း၊ ထိုသို့တောင်သူများ၏ အကြောင်းအခြင်း အရာများရှိသည့်အတွက် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပြီး တောင်သူများ၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ယခုစိုက်ပျိုးချိန်အမီ  အမြန်ပြန်လည်ချထားပေးရန် ခွင့်ပြုပေး နိုင်ခြင်း ရှိ/ မရှိ မေတ္တာရပ်ခံ တင်ပြလိုကြောင်း မေးမြန်းသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းကိုလည်း ထပ်မံ၍ အကြောင်းကြားပေးမည် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုအရာ နှင့်ပတ်သက်ပြီး ယခင်ကတည်းကချပေး သည်ဆိုသည်ကို သတင်းထောက်ကြီး ပြောသဖြင့် သိရကြောင်း၊ တင်ထားကြောင်းနှင့် မြို့နယ်၏ ဆုံးဖြတ်ချက် လို့လည်း သိရကြောင်း၊ ထိုအရာနှင့် ပတ်သက်ပြီး အခက်အခဲရှိပါက ပြန်ပြောပေးစေလိုကြောင်း၊ ဘယ်လိုအစီအစဉ် ရှိ/မရှိ ဆိုသည်မျိုးကို မိမိအနေဖြင့် ဖြေနိုင်မည် မဟုတ်ကြောင်း၊ အခက်အခဲရှိလျှင် ပြန်ပြောစေလိုကြောင်း၊ မြို့နယ်အဆင့်ကလည်း ပြန်ပြောလိုက်ပြီ။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကိုလည်း တင်ပေးလိုက်ပြီ ဆိုလျှင် ထိုအရာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းကိုလည်း ထပ်မံ၍ အကြောင်းကြားပေးမည်ဖြစ်ကြောင်း၊ အခက်အခဲရှိလျှင် ပြန်ပြောပေးပါရန်နှင့် မိမိပြောနိုင်သည်မှာ ထိုနေရာတွင် လုပ်ပေးနိုင်မည်၊ မလုပ်ပေးနိုင်မည်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည့်သူ မဟုတ်ကြောင်း၊ သတင်းထောက်ကြီးပြောသည်  ကိုလည်း မိမိအနေဖြင့် မှတ်ထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာကိုလည်းပြောပေးမည် ဖြစ်ကြောင်း၊ သတင်းထောက်ကြီး  အနေဖြင့် ပြောစရာရှိလျှင် သို့မဟုတ် တင်စရာရှိပါက သတင်းစာရှင်းလင်းပွဲပြီးလျှင် တင်ခဲ့ရန်နှင့် သက်ဆိုင်ရာသို့ ပြောပေးမည်ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲသည် ထိုအရာများကို ဖြေရှင်းပေးနေသည့် နေရာမဟုတ်ကြောင်း၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားနှင့်ပတ်သက်၍ တကယ်ဖြစ်ပျက်နေသည့် အခြေအနေ ဖြစ်သည့်အတွက်ကြောင့် လုပ်ပေးခြင်းဖြစ်ကြောင်း ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြည်တွင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကထား မေးမြန်းမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ပြောသွားသည်လည်းရှိပြီး ဖြေ သွားသည်လည်း ရှိခြင်းကြောင့် မိမိ အနေဖြင့် လိုရင်းပြောမည်ဖြစ်ပြီး တချို့နေရာ များတွင် အကြံပြုချက်များပါ ပြောကြား လိုကြောင်း၊ မီဒီယာကဏ္ဍနှင့် ပတ်သက် ၍ အကြံပြုချက်အနေဖြင့် ပြည်တွင်း၌ အားနည်းသည့် မီဒီယာ၊ အားကြီးသည့် မီဒီယာ မည်သည့်မီဒီယာဖြစ်ဖြစ် ရပ်တည်နိုင်အောင် လတ်တလောအခြေ အနေအရ ထောက်ပံ့ကြေး၊ ချေးငွေ တစ်ခုခုတန်းတူထားပြီး ထည့်သွင်း ဆောင်ရွက်ပေးရန်ဖြစ်ပြီး NLD အစိုးရ လက်ထက်က နေပြည်တော်၌ မီဒီယာ စင်တာ မီဒီယာရုံးခန်းများ ပါဝင်သည့် အဆောက်အဦကြီး ဆောက်ပြီး မီဒီယာများကို တစ်ယောက်တစ်ခန်းစီ ပေးမယ်ဆိုသည့် အစီအစဉ်ကို အကောင်အထည် ဖော်ဖို့ လုပ်ခဲ့ခြင်းများရှိကြောင်း၊ ၎င်းကိုလည်း ဆက်လက်ပြီး အကောင်အထည် ဖော်စေလိုကြောင်း၊ မေးခွန်းမှာ ယမန်နေ့ က ဖမ်းဆီးခံရသည့် ဂျပန်သတင်းထောက်ကို နှစ်နိုင်ငံချစ်ကြည်ရေးအရ ပြန်ပြီးအမှုရုပ်သိမ်းရန် အစီအစဉ်ရှိခြင်း၊ အနုပညာလောကမှ ဦးဇင်ဝိုင်းတို့ အပါအဝင် အနုပညာရှင်များကို အမှုရုပ်သိမ်းရန် ညွှန်ကြားထားခြင်းများ တွေ့ရသည့်အတွက် ဗိုလ်ချုပ်တာဝန်ယူ နေသည့် ပြန်ကြားရေးဌာန၏ လုပ်ဆောင်ချက်က တော်တော်လေး အားကောင်းတာတွေ့ရကြောင်း။ မိမိမေးလိုသည်မှာ လက်ရှိဖမ်းဆီးခံထားရသည့် အမှုရင်ဆိုင်နေရဆဲ မီဒီယာများကို အမှုပြန်လည် ရုပ်သိမ်းရန်အတွက် မည်သို့ ကူညီဆောင်ရွက်ပေးနိုင်မလဲဆို သည်ကို သိလိုပါကြောင်း မေးမြန်းသည်။  

လုံခြုံရေးမျက်လုံးနှင့် ကြည့်ရမည်ဖြစ် ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာနှင့် ပတ်သက်ပြီး အချို့ မီဒီယာများအနေဖြင့် သိကောင်းသိလိမ့်မည်ဖြစ်ကြောင်း၊ မသိသည့်သူလည်း ရှိလိမ့်မည်ဖြစ်ပြီး ဂျပန်သတင်းထောက်လို တရားဝင် သတင်းထုတ်ခြင်းမဟုတ်ဘဲ မီဒီယာများနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးပြီး အရေးယူမှုမရှိအောင် လုပ်ပေးခဲ့ခြင်း များရှိကြောင်း၊ အရေးယူပြီးသားသူများလည်း အမှုမှပိတ်သိမ်းခွင့်ရအောင် လုပ်ခဲ့သည်များလည်းရှိကြောင်း၊ ထိုအရာကို လူသိရှင်ကြား ထုတ်မပြောကြောင်း၊ သို့သော် ၎င်း၏ လုပ်ဆောင်မှုအပေါ်တွင် မူတည်ကြောင်း၊ ၎င်းတို့လုပ်ခဲ့သည့်အရာမှာ ဥပဒေအရ လုံးဝခွင့်လွှတ်လို့မရသည့် အရာဆိုလျှင် မိမိတို့အနေဖြင့် လုပ်ပေး၍ မရကြောင်း၊ ဥပဒေအရခွင့်လွှတ်၍ရပြီး ၎င်းအနေနှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း မဟုတ်ဘဲ မှားယွင်းသွားခဲ့လျှင် မိမိတို့အနေနှင့် လုပ်ပေး၍ရကြောင်း၊ လုံခြုံ ရေးအဖွဲ့အစည်းဆိုတာရှိပြီး တစ်ဖက်တွင် မီဒီယာအဖွဲ့အစည်းရှိ၍ လုံခြုံရေးအဖွဲ့အစည်းက လုံခြုံရေးအသိ အမြင်၊ လုံခြုံရေးမျက်လုံးနှင့် ကြည့်ရမည်ဖြစ်ကြောင်း၊ မီဒီယာအဖွဲ့သည်လည်း လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်အမြင်နှင့် ကြည့်ကြခြင်းဖြစ်ကြောင်း၊ အဓိက အရေးပါသည့်အချက်က လုံခြုံရေးအဖွဲ့ အစည်းဘက်မှလည်း မီဒီယာသတင်း သမားများမှ ပြစ်မှုကျူးလွန်သည်ဟု ယူဆလိမ့်မည်ဖြစ်ပြီး တစ်ဖက်မီဒီယာ သမားများကလည်း လုံခြုံရေးအဖွဲ့ အစည်းများကို ငါတို့လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နှင့် သတင်းရေးပိုင် ခွင့်အပေါ်မှာ ချုပ်ချယ်ကန့်သတ်သည်ဟု ထင်လိမ့်မည်ဖြစ်ကြောင်း၊ အဓိကအရေး ပါသည့်အချက်မှာ မီဒီယာသမားများ၏ လုပ်ဆောင်ချက်များသည် ယခုဖြစ်ပျက် နေသည့် အကြမ်းဖက်မှုအခြေအနေများ၊ ဆန္ဒပြမှုအခြေအနေများ၊ ဆူပူအကြမ်း ဖက်မှုအခြေအနေများတွင် ရည်ရွယ်ချက် ရှိရှိနှင့် အားပေးမှုကို လုပ်ဆောင်ခဲ့လျှင် ဥပဒေအရကင်းလွတ်ခွင့်နည်းကြောင်း၊ ယင်းသို့မဟုတ်ဘဲ ၎င်းအလုပ်၎င်းလုပ် နေရင်းမှ အထင်လွဲခံရသည်ဆိုလျှင် ဥပဒေအကြောင်းခြင်းရာအရ ပြော၍ ဆို၍ရနိုင်ပြီး ထိုအရာမှာ ကာယကံရှင် အပေါ်တွင်သာ မူတည်ကြောင်း။ တတ်နိုင်သမျှ အကာအကွယ်ပေးရန်

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ သတင်းမီဒီယာ ကောင်စီအနေဖြင့် လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေနှင့်လည်း ပြန်ကြားရေးဝန်ကြီးဌာန၊ တပ်မတော်ဘက်ကိုလည်း ၎င်းတို့ သတင်းမီဒီယာသမားများနှင့် ပတ်သက် ပြီး မည်သို့လုပ်ဆောင်သင့်သည်ဆိုသည့် အကြံပြုချက်များ၊ နစ်နာမှုများ တင်ပြပြီး စတင်လည်ပတ်နေပြီဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ကြားဝင်သည့် အဖွဲ့ အစည်း၊ ဖျန်ဖြေပေးသည့် အဖွဲ့အစည်းများရှိပြီး သူတို့၏ လုပ်ဆောင်ချက်အပေါ်တွင် လည်း မူတည်ကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် သတင်းမီဒီယာကောင်စီ ၏ရပ်တည်ချက်မှာ သတင်းသမားများ နှင့် ပတ်သက်ပြီး ဥပဒေအရ၊ လုပ်ထုံး လုပ်နည်းအရ တတ်နိုင်သမျှ အကာ အကွယ်ပေးရန် ဆောင်ရွက်လျက်ရှိ ကြောင်း ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ဝန်ထမ်းရေးရာကိစ္စနှင့် ပတ်သက်၍ Covid-19 ရောဂါ ဂယက် အရှိန် ရိုက်ခတ်လာသည်မှာ ဒီပြဿနာ မဖြစ်ခင်အချိန်တွင် တက္ကသိုလ်၊ အခြေခံ၊ အဆင့်မြင့်ကျောင်းများ ပိတ်လိုက်ရခြင်းရှိပြီး တချို့နိုင်ငံ့ဝန်ထမ်းများသည် ဘွဲ့ရရန်အတွက် နောက်ဆုံးနှစ်ဖြစ်နေကြောင်း၊ သို့သော် ကျောင်းများ စာမေးပွဲ မဖြေလိုက်ရဘဲ ပိတ်လိုက်သည့်အတွက် ဘွဲ့မရကြကြောင်း၊ ၎င်းတို့မှာ နှစ်နှစ်လောက်နစ်နာသွားကြောင်း၊ နောက်ဆုံး နှစ်ကျောင်းသားများမှာ အရာရှိဖြစ်နိုင် မည့်အခွင့်အရေး ဆုံးရှုံးသွားသည်များ ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီအနေနှင့် မည်သို့ညွှန်ကြားပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ပေးနိုင်မလဲဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ထမ်းများနှင့်ပတ်သက်ပြီး အရာရှိအဆင့်ခန့် ထားခြင်းမှာ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့နှင့်သာဆိုင်ပြီး ၎င်း၏စည်းမျဉ်း စည်းကမ်းများနှင့်သာ ဆိုင်ကြောင်း၊ နိုင်ငံတော်အတွက် အခြေအနေအရ လိုအပ်လျှင် ဝန်ထမ်းလေ့ကျင့်ရေးအဖွဲ့မှ စည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြီးဆောင်ရွက်မည်ဖြစ်ကြောင်း၊ စည်းမျဉ်း စည်းကမ်းပြင်ရန်မှာ ၎င်းတို့သာမက အလုပ်အမှုဆောင် ကောင်စီတို့ကိုပါ တင်ပြီး လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြီးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်းများ ပြုပြင်နိုင်ရန် အလုပ်အမှုဆောင်ကောင်စီတင်ပြီး လုပ်

ဆောင်နိုင်ရမည် ဖြစ်ပါကြောင်း၊ အကြံပြု ချက်များနှင့် ပတ်သက်ပြီး ဝန်ထမ်းရွေး ချယ်ရေးအဖွဲ့၊ ဗဟိုဦးစီးအဖွဲ့ များ၏ သုံးသပ်ချက်များနှင့်ပတ်သက်ပြီး ပြော ပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူတစ်ဦး အနေဖြင့် သုံးသပ်ချက်များနှင့်တင်ပေးပါ ဟု ပြောလိုပါကြောင်း ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီထံမှ ပိုက်ဆံတောင်း လိုပါကြောင်း၊ မည်သို့တောင်းလိုသည်မှာ NLD အစိုးရလက်ထက်က ၂၀၂၀ Election မဖြစ်ခင် မိသားစုများကို ထောက်ပံ့ ပေးခဲ့ခြင်းများရှိကြောင်း၊ ထိုကိစ္စသည် Covid ကာလ စားဝတ်နေရေးအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ထိုအစီအစဉ်မျိုး ရှိ/မရှိ၊ ဖွံ့ဖြိုး ရေးတွင် တစ်ဆက်တည်း လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့စေရေး အတွက် အဖွဲ့ ဖွဲ့စည်းနိုင်ပြီလား၊ ဖွဲ့စည်း နိုင်ပြီဆိုပါက လူမူစီးပွားဘဝဖွံ့ဖြိုးရေး အတွက် ပုံမှန်ပြန်ပြီးလည်ပတ်နိုင်သည့် အဆင့် ရောက်ပြီဟု သတ်မှတ်၍ရသည့် အတွက်ကြောင့် လမ်းချောအဖွဲ့ မဖွဲ့ရ သေးပါက အဆိုပါအဖွဲ့ ကို မည်သည့် အချိန်တွင် ဖွဲ့နိုင်မည်လဲ၊ မီဒီယာအနေ ဖြင့်လည်း သတင်းဝင်ရောက်ယူခွင့်ရနိုင် မည်လား သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့စေရေး အတွက် အဖွဲ့အစည်းများ ဖွဲ့ပြီးဖြစ်ပါကြောင်း၊ အစည်းအဝေးများတွင်လည်း မည်မျှလုပ်ခဲ့သည်ကို ထုတ်ပြန်လျက်ရှိပါ ကြောင်း၊ Covid-19 ကာလတွင် ပြည်သူများကို ထောက်ပံ့ပေးမှုအနေဖြင့် လတ်တလော အခြေအနေတွင် အစီအစဉ်မရှိပါကြောင်း၊ သတင်းစာရှင်းလင်းပွဲ၏ အကြုံပြုချက်အနေဖြင့် တင်ပြပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

BBCသတင်းဌာနမှ သတင်းထောက် နန္ဒက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့်ကိစ္စ ဖြစ်ပါကြောင်း၊ ငွေများယူသည့်ကိစ္စများကို တိုင်ကြားပါဟု ပြောကြားခဲ့ပါကြောင်း၊ မိမိပြောလို သည်မှာ ထိုကိစ္စထက်ဆိုးသည့် ကိစ္စဖြစ်ပါကြောင်း၊ ညဖမ်းသွားပြီး မနက်တွင် အလောင်းပဲပြန်ရသည်ဆိုသည့် သတင်းများကို မိသားစုဝင်များ၏ ပြောခြင်းများ အရကြားရပါကြောင်း၊ စစ်ခုံရုံးများရှိပြီး စစ်ဥပဒေများလည်းရှိပါကြောင်း၊ အခြား တည်ဆဲဥပဒေများလည်းရှိသည့်ကြားက ယခုကဲ့သို့ လူတစ်ဦးညဘက်အဖမ်းခံရပြီး မနက်ဘက် သေဆုံးသည်ဆိုသည့် ကိစ္စသည် ကြောက်ရွံ့ဖွယ်ကိစ္စဖြစ်ပါကြောင်း၊ အချို့လည်းနှိပ်စက်ခံရ၍ မူရင်း ရုပ်မရှိကြတော့သည့်ပုံများကို သတင်းများမှာ တွေ့ရပါကြောင်း၊ ထိုကိစ္စများကို မည်သို့ စုံစမ်းစစ်ဆေးမှုများရှိပါသလဲ၊ နောက်နောင် ဒီကိစ္စမျိုးဖြစ်မလာရန် အတွက် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လူတစ်ဦး တစ်ယောက်သေဆုံးခြင်းနှင့် ပတ်သက်၍ သေပြီ လာယူပါဟု ပြော၍မရပါကြောင်း၊ သေမှုသေခင်း ဖွင့်လှစ်ထားသည်များလည်း ရှိပါကြောင်း၊ ဆရာဝန်၏ စစ်ဆေးချက်များလည်းရှိပါကြောင်း၊ ဆရာဝန်များ၏ စစ်ဆေးချက်သည် ကျွမ်းကျင်သူများ၏ စစ်ဆေးချက်ဖြစ်ပါကြောင်း၊ သက်သေခံဥပဒေအရသက်သေခံနိုင်သည့် အကျုံးဝင်သည့် စစ်ဆေးချက် များဖြစ်ပါကြောင်း၊ ဖမ်းဆီးမှုများ၊ သေဆုံးမှုများရှိပါကြောင်း၊ ဖမ်းဆီးသူ  ဘယ်လောက်ရှိပြီလဲ၊ သေဆုံးသူ ဘယ်လောက်ရှိပြီလဲ ဆိုခြင်းများကို ဖုံးကွယ်ထားခြင်း မရှိပါကြောင်း၊ ဖုံးကွယ်ထား ခြင်းမရှိခြင်းကြောင့် မိသားစုဝင်များကို သေဆုံးလျှင်သေဆုံးကြောင်း ပြောရခြင်း ဖြစ်ပါကြောင်း၊ သေဆုံးလျှင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာဝန် ၏သက်သေခံချက်၊ ဘာကြောင့် သေဆုံးရသည်ဆိုသည့် ရင်ခွဲစစ်ဆေးချက်များကို အချိန်မရွေး စစ်ဆေးကြည့်ရှုနိုင်သည်ဟု ပြောလိုပါကြောင်း ရှင်းလင်းဖြေကြားသည်။

BBC သတင်းဌာနမှ သတင်းထောက် နန္ဒက ဆရာဝန်များ၏ စစ်ဆေးကြည့်ရှု ချက်များကို ဘယ်မှာစစ်ဆေးကြည့်ရှုလို့ ရသလဲ၊ မြို့နယ်အဆင့်မှာတောင်းကြည့် ရမှာလား သိချင်ကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆရာဝန်များ၏ စစ်ဆေးချက်များကို မြို့နယ်အဆင့်မှာ တောင်းကြည့်၍ရသည်မှာ ဟုတ်ပါကြောင်း ဖြေကြားသည်။

BBCသတင်းဌာနမှ သတင်းထောက် နန္ဒက အာဆီယံကိစ္စဖြစ်ပါကြောင်း၊  အခြေအနေတည်ငြိမ်သည့်အခါတွင် လာခွင့်ပြုမည်ဟု အကြမ်းဖျင်းအားဖြင့် နားလည်ပါကြောင်း၊ မိမိတို့နားလည်သည်က ပြဿနာများ၊ အခြေအနေများ မတည်ငြိမ်သည့် အတွက်ကြောင့်  ဝင်ရောက်ပြီး ပူးပေါင်းဆောင်ရွက်သည် ဟု နားလည်ပါကြောင်း၊ တည်ငြိမ်မှဆိုလျှင် ဘာလိုဦးမည်လဲ၊ အာဆီယံဝင်ရန်ကိစ္စတွင် နှောင့်နှေးကြန့်ကြာမှု ဘာများရှိနေ၍ ယခုချိန်ထိ မဝင်နိုင်သေး သလဲ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောခဲ့သည်မှာ အချက်သုံးချက် ပါဝင်ပါကြောင်း၊ မိမိတို့ မည်သို့ ပူးပေါင်းဆောင်ရွက်မည်၊ မိမိတို့ ပူးပေါင်းမဆောင်ရွက်ဟု ပြောခဲ့ခြင်းမရှိပါကြောင်း၊ အာဆီယံနိုင်ငံ များ၏ အပြုသဘောဆောင်သည့် အကြံပြုချက်များ၊ အပြုသဘောဆောင်သည့် ဆွေးနွေးချက်များ အားလုံးကို အလေးအနက်ထားသည်ဟု ပြောခဲ့ပါကြောင်း၊ အလေးအနက်ထား၍သာလျှင် အင်ဒို နီးရှားနိုင်ငံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်သွားရောက်ပြီး ဖြစ်ပျက်ခဲ့သည့် အခြေအနေများကိုပြောခဲ့ခြင်းဖြစ်ပါကြောင်း၊ အခြေအနေတစ်ခု တည်ငြိမ်အေးချမ်းသွားလျှင် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောခဲ့ပါကြောင်း၊ ယခုအခါလမ်းပေါ်ထွက်ဆန္ဒပြ နေသည်များ နည်းသွားသော်လည်း ဗုံးထောင်ဖောက်ခွဲ တိုက်ခိုက်မှုများ၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုများ ရှိနေပါကြောင်း၊ ထိုအရာများ ငြိမ်းချမ်းသွားရန် လိုပါကြောင်း၊ ငြိမ်းချမ်းမှသာ အခြေအနေအမှန်ကို ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

BBC သတင်းဌာနမှ သတင်းထောက် နန္ဒက ကချင်နှင့် ကရင်ပြည်နယ်ဘက်တွင် တိုက်ပွဲများ ပြင်းထန်လာပါကြောင်း၊ ကချင်ဘက်တွင် ရဟတ်ယာဉ်တစ်စင်း ပစ်ချခံခဲ့ရပါကြောင်း၊ သတင်းများ အမျိုးမျိုးထွက်နေပါကြောင်း၊ သို့သော်လည်း တပ်မတော်ဘက်မှပြောသည်ကို ကြားလိုပါကြောင်း၊ ထိုဒေသများတွင် တပ်မတော်အခြေအနေ မည်သို့ရှိသည် ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ကချင်ပြည်နယ်၊ မြို့သစ်ဘက်တွင် ဒေသအခေါ် တာဝါတိုင်ကုန်းကို KIA အနေဖြင့် သိမ်းပိုက်ခဲ့ခြင်းရှိကြောင်း၊ ထို့အပြင် အလောဘွမ်ကို သိမ်းပိုက်ခဲ့ခြင်းရှိကြောင်း၊ ၎င်းတို့အနေဖြင့် သာလွန်အင်အားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နှင့်နီးသည့် မြို့သစ်ကုန်းကို တပ်မတော်အနေဖြင့် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊  ဗန်းမော်ဘက်တွင်ရှိသည့် ကိစ္စများကို လုံခြုံရေးစိတ်ချရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းဘက်တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ တိုက်ပွဲနှင့် ပတ်သက်ပြီးပြောရလျှင် KIA အနေဖြင့် ကချင်ပြည်နယ်တွင် ရှိသည့်သူများကို ၎င်းတို့ထံဝင်ကြရန်ဆိုသည့် ကြေညာချက်မျိုးထုတ်ထား သဖြင့် နယ်မြေဒေသ ပြန်လည်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက်  ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်တွင် တပ်မဟာ ၅ နှင့် အချို့တပ်မဟာများက အစိတ်အပိုင်းအချို့သာပါဝင်ပြီး အားလုံးမပါဝင်ပါကြောင်း၊ KNU ဥက္ကဋ္ဌ ဖထီးစောမူတူး စေဖိုး ကိုယ်တိုင်ကြေညာချက်ထုတ်၍ ပြောပြီးဖြစ်ပါကြောင်း၊ အချို့ တပ်မဟာ ၆ ဘက်၏ ခရိုင်များမှလည်း သဘောထားထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုက်ပွဲဖြစ်ခဲ့ရသည့် အကြောင်းအရင်းအနေဖြင့် တပ်မတော်စခန်း တစ်ခုဖြစ်သည့် ထီးမူထစခန်းကို ဝင်ရောက် တိုက်ခိုက် ခြင်းမှစပြီး ဖြစ်ခြင်းဖြစ်ပါကြောင်း၊ တိုက်ပွဲအခြေအနေဖြင့် ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိပါကြောင်း၊ ချောင်းပစ်၊ မြောင်းပစ်ကိစ္စများ ရှိနေသေး ပါကြောင်း၊ ဖြစ်ပွားနေသေးသည်ဟု ပြောလိုပါကြောင်း ဖြေကြားသည်။

People Media မှ သတင်းထောက် ဦးကျော်စိုးဦးက CDM လုပ်ခဲ့သည့် ရဲတပ်ဖွဲ့များကို ၎င်းတို့ မူလတာဝန်များ ကို ပြန်လည်ထမ်းဆောင်မည်ဆိုပါက တည်ဆဲဥပဒေဖြင့် အရေးယူမလား၊ မယူ ဘူးလားဆိုသည်ကို သိလိုကြောင်း မေးမြန်းပါသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း က အဆိုပါ ကိစ္စသည် ရဲစည်းကမ်းဥပဒေနှင့်သာ သက်ဆိုင်မည်ဖြစ်ကြောင်း၊ ရဲဝန်ထမ်းများနှင့် စစ်ဝန်ထမ်းများသည် သာမန် ဝန်ထမ်းများနှင့် မတူညီကြောင်း၊ CDM သည်အမှုကြီးကြောင်း၊ စစ်ဝန်ထမ်းများ ခွင့်မဲ့ပျက်ကွက်နှင့်ပတ်သက်၍ ဦးစွာ ရှင်းပြလိုကြောင်း၊ ခွင့်မဲ့ပျက်ကွက်ဖြစ် ပွားသည့် တပ်မတော်သားတစ်ဦးသည် အချိန်အားဖြင့် ဘယ်နှနာရီကျော်လျှင် ခွင့်မဲ့ပျက်ကွက် ဖြစ်သည်ဆိုတာရှိကြောင်း၊ ဘယ်နှရက်ကျော်လျှင် စစ်ပြေးဖြစ်တယ်ဆိုပြီး ကြေညာကြောင်း၊ စစ်ပြေးဆိုလျှင် ပြန်လည် တာဝန်ထမ်းဆောင်၍ မရကြောင်း၊ ထောင်ကျမည်ဖြစ်ကြောင်း၊ ရဲမှုထမ်းများ တွင်လည်း စည်းမျဉ်းကွာခြားလိမ့်မည်ဟု မထင်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ရဲမှုထမ်းစည်းမျဉ်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက် ရှင်းလင်းပြောကြားပေးမည် ဖြစ်ကြောင်း ဖြေကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူတစ်ဦး က ရဲတပ်ဖွဲ့တွင် ရဲစည်းကမ်းထိန်းသိမ်း ရေးဥပဒေဆိုတာရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ကျန်သည့်တည်ဆဲ ဥပဒေများ ကို လေးစားလိုက်နာရသလို ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေကိုလည်း လိုက်နာရကြောင်း၊ တပ်ဖွဲ့ဝင်တစ်ဦးကို အရေးယူ ဆောင်ရွက်ရာတွင် ၎င်း၏ကျူးလွန်သည့် ပြစ်မှုအတိုင်းအတာပေါ်မူတည်ပြီး  နယ်ဘက်ဥပဒေနှင့် သက်ဆိုင်သလား၊ ရဲစည်းကမ်းဥပဒေနှင့် သက်ဆိုင်သလား ဆိုသည်ကို သုံးသပ်ဆောင်ရွက်ရကြောင်း ဖြည့်စွက် ဖြေကြားသည်။

People Media မှ သတင်းထောက် ဦးကျော်စိုးဦး က မူလတန်းမှ တက္ကသိုလ် အသီးသီးအထိ ကျောင်းများပြန်လည်ဖွင့် လှစ်မည်ဟု သိရကြောင်း၊ ယင်းသို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် CDM လုပ်သွားသည့် ကျောင်းဆရာ ဆရာမများနေရာတွင် အစားထိုးဆောင်ရွက်သွားမည်လား သို့မဟုတ် ကျန်ခဲ့သည့် ဆရာ ဆရာမ အင်အားနှင့်သာ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်လား သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း က ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများနေရာတွင် ပြန်လည်ခန့်အပ်ရန် လုပ်ဆောင်နေသည်များရှိကြောင်း၊ ကျောင်းအုပ်ချုပ်မှု တာဝန်များ၊ ကျောင်းအုပ်ကြီးများအနေဖြင့် ပျက်ကွက်ပါက မြို့နယ်အဆင့်၊ ခရိုင်အဆင့် စသည်ဖြင့် အဆင့်ဆင့် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှ ဆက်လက်ရှင်း လင်းပြောကြားသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပျက်ကွက်သွားသည့် ဆရာ ဆရာမများအနေဖြင့် လက်ရှိတွင် ပြန်လည် တာဝန်ထမ်းဆောင်လာသည် များလည်းရှိကြောင်း၊ နောက်ပိုင်းတွင် ပျက်ကွက်သွားသည့် ဆရာ ဆရာမများ အစားထိုး ပြန်လည်ခန့်အပ်သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

WHO News Agency မှ သတင်းထောက် ဦးကျော်ဝဏ္ဏက လူတိုင်း ရင်ဆိုင်နေရသည့် စက်သုံးဆီဈေးနှင့် ပတ်သက်၍ မေးမြန်းလိုကြောင်း၊ အဆိုပါ ကိစ္စသည် ကုန်စည်စီးဆင်းမှုနှင့် လမ်းပန်းဆက်သွယ်ရေးတို့ ဆက်စပ်နေခြင်းကြောင့် ဈေးနှုန်းမြင့်တက်နေသည့် ကိစ္စအား မည်သို့ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။   

ဗိုလ်ချုပ် ဇော်မင်းထွန်း က စက်သုံး ဆီနှင့်ပတ်သက်၍ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်ရေးအဖွဲ့နှင့် နိုင်ငံခြားမှ ဝင်ရောက်လာမည့် စက်သုံးဆီများလည်း ရှိပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသည့် စက်သုံးဆီနှင့် မြန်မာနိုင်ငံအတွင်းမှ ထုတ်လုပ်နေသည့် စက် သုံးဆီဆိုပြီးရှိကြောင်း၊ မြန်မာနိုင်ငံ အတွင်းရောက်ရှိနေသည့် စက်သုံးဆီသည် တစ်နိုင်ငံလုံးတွင် အသုံးပြုသည့် စက်သုံးဆီ အနေအထားနှင့် တွက်ဆလျှင် နောက်ထပ်သုံးလခန့် အသုံးပြု၍ ရသည့် ပမာဏရှိကြောင်း၊ နောက်ထပ် ထပ်မံဝင်ရောက်သည်များလည်း ရှိကြောင်း၊ နောက်ထပ် ထပ်မံဝင်ရောက်သည့် စက်သုံးဆီများသည် လကုန်ပိုင်းခန့်တွင် ထပ်မံဝင်ရောက်ရန်ရှိသည်ဟု သတင်းပို့ချက်များအရ သိရကြောင်း၊ အဆိုပါစက်သုံးဆီများ ထပ်မံရောက်ရှိလာပါက စက်သုံးဆီ ဈေးနှုန်းလည်း အထိုက်အလျောက် လျော့ကျလိမ့်မည်ဟု ထင်မြင်မိပါကြောင်း၊ သို့သော် ကမ္ဘာ့ အခြေအနေကို နှိုင်းယှဉ်ရန်လိုအပ်မည် ဖြစ်ကြောင်း၊ လက်ရှိကမ္ဘာတွင် စက်သုံးဆီဈေးနှုန်းသာမက အခြားသော ကုန်ပစ္စည်းဈေးနှုန်းများလည်း အထိုက်အလျောက်မြင့်တက်နေကြောင်း၊ စက် သုံးဆီနှင့်ပတ်သက်ပြီး စက်သုံးဆီများ တင်သွင်းခြင်းလုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအတွင်းမှာ တချို့ စက်သုံးဆီများ၊ စက်သုံးဆီ စက်ရုံများ လည်ပတ်နိုင်ရန်အတွက်  ယခင်အပတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ ခရီးစဉ်တွင် သွားရောက်ကြည့်ရှုခဲ့ ကြောင်း၊ ထို့အပြင် ယင်းကိစ္စနှင့်ပတ်သက်သည့် စီမံချက်များကိုလည်း ဆက်လက်ဆောင်ရွက်နေ ကြောင်း ဖြေကြားသည်။

97 Media မှ သတင်းထောက် ဦးစောရဲဦးက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် လက်ရှိ Covid-19 ရောဂါ ဖြစ်ပွားမှုနှုန်း သည် မြင့်မားလျက်ရှိကြောင်း၊ အဆိုပါ နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ၎င်းတို့နိုင်ငံများလောက် ဖြစ်ပွားမှု မရှိကြောင်း၊ ထိုသို့ ရောဂါဖြစ်ပွားမှုများ နည်းပါးအောင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် မည်ကဲ့သို့ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင် နေကြောင်း၊ နောက်ထပ် Covid-19 ရောဂါကာကွယ်ရေးအတွက် မည်သို့ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်းသည်။

ပညာပေးမှုလုပ်ငန်းများ လုပ်ဆောင်ကြရန်မှာကြား

ဗိုလ်ချုပ်ဇော်မင်းထွန်းက Covid-19  ရောဂါကူးစက်မှု လျော့ကျမှုနှင့် ပတ်သက်ပြီး ပြည်သူလူထု၏ လိုက်နာမှုကြောင့်ဟု ပြောရမည်ဖြစ်ကြောင်း၊ သို့သော် အသိပေးလိုသည်မှာ လုံးဝစိတ် ချရသည့် အနေအထားမဟုတ်ကြောင်း၊  Covid-19 ရောဂါနှင့်ပတ်သက်ပြီး မိမိတို့ နိုင်ငံတွင် စစ်ဆေးခံနိုင်မှုနှင့် စစ်ဆေးမှုမှာ နည်းပါးနေသေးသည်ကို တွေ့ရကြောင်း၊ မိမိသိရသလောက် ရာခိုင်နှုန်း  အနည်းအကျဉ်းသာ ရှိပါကြောင်း၊ ထို့ကြောင့် မတွေ့သည်ဟု ယူဆကြောင်း၊ မကြာသေးမီရက်ပိုင်းတွင် ဘူးသီးတောင် မောင်တောဘက်တွင် Covid-19 ရောဂါ ပြန်တွေ့သည်ဟု ကြားမိသေးကြောင်း၊  Covid-19 ရောဂါ ဒုတိယလှိုင်းဖြစ်ပွား  ခဲ့မှုကို သတိပြုစေလိုကြောင်း၊ Covid-19 ရောဂါ ဒုတိယလှိုင်းဖြစ်ပွားသည့်အချိန် တွင် အနောက်ဘက်မှ ဝင်လာသည်ဟု ယူဆရကြောင်း၊ ဘူးသီးတောင် မောင်တော-စစ်တွေဘက်မှ စတင်တွေ့ရှိခဲ့ကြောင်း စတွေ့ပြီးနောက်ပိုင်းတွင် လေယာဉ်ခရီးစဉ်များတွင် လိုက်ပါလာသူ များအား သတင်းစာများတွင် ထည့်သွင်း ၍ သက်ဆိုင်ရာသို့ လာရောက်သတင်းပို့ ကြရန် ကြေညာချက်များ ထည့်သွင်း ခဲ့သည်ကို အားလုံးမှတ်မိသေးမည်ထင်ကြောင်း၊ Covid-19 ရောဂါနှင့် ပတ်သက်၍ နိုင်ငံများတွင် တတိယလှိုင်းဖြစ်ပွား လျက်ရှိကြောင်း၊ အရှေ့တောင် အာရှတွင် မိမိတို့နိုင်ငံသည် မျှော်မှန်းသက် တမ်းအနိမ့်ဆုံး နိုင်ငံဖြစ်ကြောင်း၊ ထို့ ကြောင့် Covid-19 ရောဂါနှင့် ပတ်သက်၍ လိုက်နာဖို့၊ အသိပေးဖို့ လိုအပ်သေးကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပြီးခဲ့သည့် အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကို အထူးညွှန်ကြားလိုက်သည်ရှိကြောင်း၊ Covid-19 ရောဂါ အခြားနိုင်ငံများတွင် ဖြစ်ပွားနေသဖြင့် အထူးဂရုစိုက် ရန်လိုကြောင်း၊ ဒါနှင့်ပတ်သက်၍ အထင်မသေးမိရန်လိုကြောင်းကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် Covid-19 ရောဂါနှင့် ပတ်သက်ပြီး လှုံ့ဆော်မှုများ၊ သတိပေးမှုများ၊ ပညာပေးမှုလုပ်ငန်းများလုပ် ဆောင်ကြရန်မှာကြားခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ပြည်သူလူထုကို အသိပေးလိုသည်မှာ Covid-19 ရောဂါ တတိယလှိုင်းနှင့် ပတ်သက်ပြီး အချို့နိုင်ငံများတွင် ဆိုးရွားစွာခံစားနေရကြောင်း၊ ထို့ကြောင့်  မပေါ့ဆမိရန်နှင့် အထင်မသေးမိရန် လိုအပ်မည်ဖြစ်ကြောင်း၊ Covid-19 ရောဂါနှင့် ပတ်သက်ပြီး ရောဂါသံသယဖြစ်ပွားပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် စစ်ဆေးမှုများ ခံယူကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ ထို့အပြင် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း ကပ်ရောဂါကာလမှာ မိမိတို့၏ တာဝန်များကို ပြန်လည်ထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်း ထည့်သွင်းပြောကြားသည်။   ။