(ယမန်နေ့မှအဆက်)
One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က မေ၂၁ ရက် က နိုင်ငံရေးပါတီနှင့် UEC တို့ တွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိ UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲဥပဒေ ချိုးဖောက်ခဲ့သည့် NLD ပါတီကို ဖျက်သိမ်း သည်အထိ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ခြင်းကို သတင်းမီဒီယာအချို့က ထုတ်လွှင့်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ထိုသို့လုပ်ဆောင်မှုရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေ အရသော်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥပဒေအရသော်လည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရသော်လည်းကောင်း နိုင်ငံရေးပါတီ များကိုကြီးကြပ်ရန်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းမှအစ ပယ်ဖျက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့်လည်း သတ်မှတ်ထားသည့် နိုင်ငံရေးပါတီထူထောင်သည့်နေရာတွင် ဝန်ခံချက်များ၊ လိုက်နာစောင့်ထိန်းရမည့် အချက်များရှိကြောင်း၊ ပုဒ်မ-၁၀ တွင် ထိုသို့ကျူးလွန်သူများကို ပါတီဝင်အဖြစ် မထားရဟုပါရှိကြောင်း၊ နိုင်ငံရေးပါတီများ ရပ်တည်ပိုင်ခွင့်မရှိသည့် ပုဒ်မ( ၁၂(က)၊ နည်းဥပဒေ(၁၅)တို့ကို နိုင်ငံရေးပါတီများ အနေဖြင့် လိုက်နာဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အကယ်၍ ယင်းဥပဒေ များကို ကျူးလွန်ခဲ့သည်ရှိသော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ - ၄၀၇ တွင်လည်း ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံရေးပါတီဥပဒေ ပုဒ်မ-၁၂(က)၊ နည်းဥပဒေ ၁၅ တို့တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရသည့် ပြစ်မှုများ၊ အချက်အလက်များကို ကျူးလွန်ခဲ့ပါက ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် NLDပါတီမှ မဟုတ်အခြားပါတီများလည်း အဆိုပါအချက်အလက်များကို ကျူးလွန်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်တွေ့ရှိပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၄၀၈ အရ နိုင်ငံရေး ပါတီအဖြစ်မှ ပယ်ဖျက်ခြင်းခံရမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
One News သတင်းဌာနမှ သတင်း ထောက် ဦးသွင်ထူးအောင်က NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဇွန် ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော လွှတ်တော် ကိုယ်စားလှယ်များအပေါ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့်မရှိသေးသည့် ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ပြီး CRPHINUGI PDF တို့တွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကို ဖိအားပေးခြိမ်းခြောက် အတင်းအဓမ္မ ခံဝန်ကတိ လက်မှတ်ရေးထိုးမှုများနှင့် ပတ်သက်၍ ရေးသားထားသည်ကို တွေ့ရကြောင်း၊ ယင်းကြေညာချက်နှင့် ပတ်သက်ပြီး မည်သို့ပြောလိုသည်ကို သိလိုကြောင်းမေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါကြေညာချက်ကို အသေးစိတ် မသိရှိကြောင်း၊ သို့သော်လည်း (CRPH) ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်ရာတွင် အချို့ လွှတ်တော် ကိုယ်စားလှယ်အများစု က ထိုအဖွဲ့အစည်းတွင် မပါဝင်သည်ကို တွေ့ရကြောင်း၊ အဆိုပါ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များတွင် လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့ပါဝင်ခြင်းမရှိသည်ကို သတင်းပို့ ထားသည်များရှိသည်ကို သိရကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စာရင်း မည်မျှရှိသည်ကို လုံခြုံရေးအခြေအနေ အရ မသိရကြောင်း၊ ဖိအားပေးမှုများ ရှိသည်ကို မိမိတို့ UEC အနေဖြင့် မကြား မိကြောင်း ပြန်လည်ဖြေကြားသည်။
97 Media မှ သတင်းထေက်ချုပ် ဦးနန္ဒလင်း(ထားဝယ်)က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နောင်လာမည့် ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးမည်ဆိုပါက ယင်း PR စနစ် နှင့်ပတ်သက်ပြီး ကြိုတင်ဆောင်ရွက်ထား ရှိမှုအခြေအနေကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နောင်လာမည့် ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ရွေးကောက်ပွဲစနစ်အား ပြောင်းလဲ ကျင့်သုံးနိုင်ရေးကိစ္စကို လက်ရှိတွင် သုံးသပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ယခုမှ ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း၊ ရွေးကောက်ပွဲစနစ်များ ကျင့်သုံးရေးနှင့် စပ်လျဉ်းပြီး ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အဆိုကို မဲခွဲ ဆုံးဖြတ်သည့်နေရာတွင် အများစု ထောက်ခံခဲ့သည့်အတွက် အဆို အောင်မြင်ခဲ့ပြီး အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စား ပြုစနစ် (PRစနစ် ကျင့်သုံးရေးဆိုင်ရာ အဆိုအကောင်အထည်ဖော်ရေးကော်မရှင် ကို ၂၀၁၄ ခုနှစ်၊ ဇွန် ၁၃ ရက်တွင် အမျိုးသားလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ယင်းကော်မတီက အစီရင် ခံစာတင်သွင်းသည့် အဆင့်အထိ ရောက်ခဲ့ကြောင်း။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်လည်း နောင် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးနိုင်မည့် အလားအလာနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပထမအကြိမ် တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင်လည်းကောင်း၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံရေးပါတီအများစုက မူအားဖြင့် သဘောတူမှုရှိပြီး အကြံပြုဆွေးနွေးမှု များရှိခဲ့ကြောင်း၊ စာတမ်းများလည်း ပေးပို့ထားသည်များရှိကြောင်း၊ PR စနစ် ကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီ များနှင့် တတ်သိပညာရှင်များ စုပေါင်း ဆွေးနွေးပွဲကိုလည်း ကျင်းပရန် စီစဉ် ထားကြောင်း၊ ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် PR ရွေးကောက်ပွဲဒီဇိုင်းများကို သုံးသပ် ဆွေးနွေးကြမည်ဖြစ်ကြောင်း။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့်ရွေးကောက်ပွဲစနစ် များကိုလေ့လာဆန်းစစ်ဆွေးနွေးသုံးသပ် လျက်ရှိကြောင်း၊ အကယ်၍ ရွေးကောက် ပွဲစနစ် ပြောင်းလဲကျင့်သုံးမည်ဆိုပါက လက်ရှိ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်အချို့တို့ကို ပြောင်းလဲမှု ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် လိုက်လျောညီထွေဖြစ်စေရန် သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ်၏အခြေခံသဘောအရ မဲဆန္ဒနယ်ကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ပြီး ကိုယ်စားလှယ်အရေ အတွက်အား အချိုးကျ ခွဲဝေသည့် သဘောသာဖြစ်ကြောင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း တို့ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ထိုသို့ ဆောင်ရွက်ရာတွင်လည်း အခွင့်အာဏာသည် ဥပဒေများအရပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ မဲဆန္ဒနယ်များကိုပြင်ဆင်သတ်မှတ် ရန်လိုအပ်ကြောင်း။
နိုင်ငံသားများ၏ ရွေးကောက်ပွဲ ဆိုင်ရာအတွေ့အကြုံ၊ ဗဟုသုတနှင့် စာတတ်မြောက်မှုအပေါ်တွင် မူတည်ပြီး နိုင်ငံ၏ ပကတိအခြေအနေနှင့်ကိုက်ညီပြီး ရိုးရှင်းလွယ်ကူသည့်စနစ်ကို ရွေးချယ် ကျင့်သုံးရမည်ဟု သုံးသပ်ပါကြောင်း၊ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့် ကော်မရှင်အဖွဲ့ခွဲများနှင့် ရွေးကောက်ပွဲ ဝန်ထမ်းများအတွက် လေ့ကျင့်ပညာပေး အစီအစဉ်များ၊ မဲဆန္ဒရှင်ပြည်သူများ အတွက် နိုင်ငံသားအသိပညာပေး အစီ အစဉ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲစနစ် ပြုပြင် ပြောင်းလဲရေးနှင့်စပ်လျဉ်းပြီး ဆက်စပ်ဌာနများ၊ နိုင်ငံရေးပါတီများ၊ တတ်သိ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းပြီး အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ်အဆင့်အထိ မဲစာရင်းမှားယွင်းမှု များရှိနေသည်နှင့် ပတ်သက်၍ လက်ရှိ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မှားယွင်းမှုဖြစ်စဉ်များ တွင်ပါဝင်ခဲ့သည့် ရပ်ကျေး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့များကို အရေးယူမှု ရှိ၊ မရှိသိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေများရှိကြောင်း၊ လွှတ်တော် ရွေးကောက်ပွဲဥပဒေများလည်း ရှိကြောင်း၊ သာမန်အားဖြင့် ရွေးကောက်ပွဲ တွင် အပိုင်းနှစ်ပိုင်းရှိကြောင်း၊ တစ်ပိုင်းမှာ ရွေးကောက်ပွဲများတွင် တာဝန်ယူဆောင်ရွက်ရသည့် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ နောက်တစ် ပိုင်းမှာ ရွေးကောက်ပွဲတွင် မဲပေးရသည့် ပြည်သူများအပိုင်းဟု နှစ်ပိုင်းရှိကြောင်း၊ သာမန်အားဖြင့် ဥပဒေ၏သဘောအရ တာဝန်ထမ်းဆောင်ခဲ့သည့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိပုဂ္ဂိုလ်များသည် မိမိ၏လုပ်ငန်းတာဝန်အား သဘောရိုးနှင့် ဆောင်ရွက်ရင်း အမှား အယွင်းရှိပါက ဥပဒေမှ Immunity ပေးထားကြောင်း၊ သို့သော် ရည်ရွယ်ချက် ရှိရှိ ချိုးဖောက်ပါက ကင်းလွတ်ခွင့်ပေး မထားကြောင်း၊ ယင်းအချက် နှစ်ချက် အပေါ်တွင် သုံးသပ်ရမည်ဖြစ်ကြောင်း၊ အလားတူ ဆန္ဒမဲပေးသူများမှာ အခန်း ၁၃ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ ကျူးလွန်ပါက အဆိုပါဥပဒေများနှင့် ပုဒ်မ များပါ အချက်များအတိုင်း ကျူးလွန်ခဲ့ သည့်အပေါ်မူတည်ပြီး ဥပဒေအရ အရေး ယူခြင်းခံရမည် ဖြစ်ကြောင်း၊ ထိုကိစ္စများ ကိုလည်း သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အဆိုပါအမှုကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများကို ယခင်အပတ် သတင်းစာ ရှင်းလင်းပွဲများတွင်လည်း ဖြေကြားထား ပြီးဖြစ်ကြောင်း၊ ဥပဒေအရ ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေတစ်သိန်း ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ၊ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံနိုင်ကြောင်း၊ သို့သော် လိမ်လည်တိုင်တန်းပါက ထောင်ဒဏ်သုံး နှစ်၊ ဒဏ်ငွေသုံးသိန်းအထိ ပြစ်ဒဏ်ကျခံ နိုင်ကြောင်း၊ ယင်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက လက်ရှိအခြေအနေအရပ်ရပ် အရ နိုင်ငံရေးပါတီများသည် အများ အားဖြင့် အားနည်းနေသည်ကို တွေ့မြင် နေရကြောင်း၊ အားနည်းနေသည့်အခြေ အနေတွင် ရှေ့ဆက်သွားမည့် ဒီမိုကရေစီ အတွက် ယင်းအားနည်းချက်များဖြစ်လာ နိုင်သည့်အနေအထားကို တွေ့မြင်နေရကြောင်း၊ UEC အနေဖြင့် နိုင်ငံရေးပါတီများ အားကောင်းလာစေရန်အတွက် မည်သို့ ပံ့ပိုးမှုများ၊ လမ်းညွှန်မှုများ၊ ဆောင်ရွက်မည့် အစီအစဉ်များရှိပါက သိလို ကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ သည်အရေးကြီးကြောင်း၊ နိုင်ငံရေးပါတီ များနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အလေးထားကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများအနေဖြင့် မိမိပါတီ၏ နိုင်ငံရေးအယူဝါဒ၊ ယုံကြည်ချက်အတိုင်း လွတ်လပ်စွာဖြင့် စည်းရုံးဆောင်ရွက်ခွင့် ပေးထားပြီးဖြစ်ကြောင်း၊ အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံရေးပါတီများနှင့် မကြာ ခဏ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေး ပါတီများအား လိုအပ်သည့်အချက်များကို UEC က အကူအညီပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ စွမ်းဆောင် ရည်နှင့် အရည်အသွေးမြင့်မားရေးအတွက် လည်းတိုက်တွန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။ အလားတူ ပြီးခဲ့သည့်ရွေးကောက်ပွဲ အစည်းအဝေးတွင် ဥက္ကဋ္ဌအနေဖြင့် တိုက်တွန်းခဲ့သည်များလည်း ရှိပါကြောင်း၊ နောင်တွင် PR စနစ်ကို ကျင့်သုံးလာသည့် အခါမှာ နိုင်ငံရေးပါတီများ ပို၍ အားကောင်းလာစေရန်၊ ခိုင်မာလာစေရန် နိုင်ငံရေးပါတီများအနေဖြင့် ရည်မှန်းချက်။ ခံယူချက်များတူညီသည့် အဖွဲ့များ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပိုမိုအားကောင်း ခိုင်မာလာမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားမှုများ ရှိကြောင်း၊ သို့သော် ယင်းကိစ္စများသည် နိုင်ငံရေး ပါတီအားလုံး၏လုပ်ပိုင်ခွင့်ဖြစ်၍ အဆိုပါ နိုင်ငံရေးပါတီများ ပိုမိုအားကောင်းလာ စေရန်အတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ယခုလတွင်နိုင်ငံရေးပါတီများ အား ပြန်လည်စိစစ်နေသည်ကို တွေ့ရကြောင်း၊ ယင်းသို့ စိစစ်သည့်ကိစ္စသည် မည်သည့်အတွက် စိစစ်ပြီး မည်သို့ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ သော်လည်းကောင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေအရသော် လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်ကြောင်း၊ ထိုသို့ တာဝန်ယူဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများ သည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလေးစားလိုက်နာရန် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၀၇ပါ အချက်တစ်ချက်နှင့် ငြိစွန်းပါက ဆက်လက်ရပ်တည်ခွင့် မရှိကြောင်း၊ ထို့ကြောင့် ပုဒ်မ-၄၀၈ အရ မှတ်ပုံတင်ခွင့် ပေးနိုင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီကိုဖျက်ရမည့် တာဝန်လည်းရှိကြောင်း။ ။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၃ အရ ပါတီတည်ထောင်ခွင့် တင်ပြသည့်၊ ပါတီတည်ထောင်သည့် သူများသည် ပုဒ်မ-၄ အရ ကိုက်ညီရ မည့်သူများလည်း ဖြစ်ရမည်ဖြစ်ကြောင်း၊ ပုဒ်မ-၆ ပါ အချက်များကိုလည်း စောင့်ထိန်း လိုက်နာရမည်ဟုလည်း ဝန်ခံချက်ပါရှိရမည် ဖြစ်ကြောင်း၊ ပါတီဝင်များကို စည်းရုံးရာတွင်လည်း နိုင်ငံရေးပါတီ ပုဒ်မ-၁၀ ပါ အရည်အချင်း များနှင့် ကိုက်ညီသူများကို စည်းရုံးရမည် ဖြစ်ပြီး မကိုက်ညီပါက ပါတီမှ ထုတ်ပယ် ရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံရေး ပါတီတစ်ခုတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၁၂(က)ပါ အချက်များ ကိုလည်း တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိဘဲ ဥပဒေပုဒ်မ-၁၂(ခ) အရပါတီကို ကော်မရှင်က မှတ်ပုံတင်ခွင့် ပယ်ဖျက်ပြီး ပါတီကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်း နည်းဥပဒေ ၁၅ တွင်လည်း ထိုအတိုင်း ပြဋ္ဌာန်းထားကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေများအရ နိုင်ငံရေးပါတီအားလုံးကို တာဝန်ရှိသည် နှင့်အညီ လိုအပ်ချက်များအရ စိစစ် ဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက NLD ပါတီကို ဖျက်သိမ်း နိုင်ခြေရှိသည့်အနေအထားတွင် ယခု လူထုအကြား အပြန်အလှန်ပြောဆိုနေ သည် မှာ NLD က အနိုင်ရပါတီဖြစ်ထား သည့်အတွက် လွယ်လွယ်နှင့်ဖျက်သိမ်း၍ မရနိုင်ဆိုသည့် အခြေအနေမျိုး ပြောဆို မှုများရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး UEC အနေဖြင့် မည်သို့ တုံ့ပြန်ပြောလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် သီးခြားတုံ့ပြန်ရန်မရှိကြောင်း၊ မိမိတို့အနေဖြင့် တွေ့ရှိချက်များကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစီးသည့် ကော်မရှင်အဖွဲ့ဝင် အားလုံးပါဝင်သည့် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးက ဆုံးဖြတ်ခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
မြန်မာသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးကိုကိုကြီးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန် ၁၀ ရက် တွင် နိုင်ငံရေးပါတီများ၏ ပါတီဝင် အင်အားတောင်းခံခြင်း ရှိကြောင်း၊ ယင်းသို့ ပါတီဝင်အင်အား တောင်းခံ သည့်နေရာတွင် မပေးသည့် ပါတီများကို ဖျက်သိမ်းခွင့်ရှိ၊ မရှိနှင့် တစ်မြို့နယ်လျှင် လူဦးရေ တစ်ထောင်၊ တစ်တိုင်း ပြည်လုံး ဝင်ပြိုင်မည်ဆိုလျှင် တစ်သောင်း ဆိုခြင်း နှင့်ပတ်သက်ပြီး သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများ ဥပဒေ၊ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများတွင်လည်း ပါရှိကြောင်း၊ နိုင်ငံရေးပါတီတစ်ခုသည် တစ်နိုင်ငံလုံး စည်းရုံးသည့်ပါတီဖြစ်လျှင် စည်းရုံးသည့် အင်အားတစ်ထောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတည်း တွင် စည်းရုံးသည့် ပါတီဖြစ်လျှင် အင်အား ၅၀၀ အနည်းဆုံးရှိရမည်ဖြစ်ပြီး အဆိုပါ စာရင်းအား UEC ကို ပေးပို့ထားခြင်းရှိကြောင်း၊ အလားတူ အဆိုပါအင်အားမှ ပါဝင်သူ သေဆုံးခြင်း၊ နုတ်ထွက်ခြင်းများ ရှိလျှင်သော်လည်းကောင်း၊ နောက်ထပ် နိုင်ငံရေးပါတီဝင်အသစ်များ ထပ်မံ စုစည်းရရှိလျှင်သော်လည်းကောင်း၊ UECကို နောက်ဆုံးအခြေအနေ စာရင်းပေးပို့ ရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လိုအပ်သည့်အချက်အလက်များ၊ စာရင်းဇယား ပြည့်ပြည့်စုံစုံရရှိရန် လိုအပ်ကြောင်း၊ သို့မှသာ ပါတီများမှ ပေးပို့ထားသည့် အင်အားအတိုင်း သတ်မှတ်သည့်အရေအတွက်ရှိ၊မရှိ သိရှိ နိုင်ရန်အတွက်တောင်းခံခြင်းဖြစ်ကြောင်း၊ ယင်းတွေ့ရှိချက်များအပေါ် မူတည်ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
အမှန်တရား သတင်းဂျာနယ်မှ သတင်းထောက် ဦးတင်နိုင်ထွန်း က မဲဆန္ဒစာရင်းများနှင့် ပတ်သက်၍ မဲ စာရင်းမည်သို့ ပုံဖော်သည်၊ ပါတီများကို မည်သို့ဖျက်သိမ်းမည်၊ မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ဒီဇိုင်းမျိုးဖော်ဆောင် မည်ဟု ရှေ့တွင်ပြောခဲ့ကြောင်း၊ သိလို သည်မှာ လာမည့်ရွေးကောက်ပွဲကို မည်သည့်အချိန်တွင် ပြန်လည်ကျင်းပ မည်ဆိုသည်ကို သိလိုကြောင်းမေးမြန်းသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင်လည်း ပါပြီး ဖြစ်ကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်ပြီးသည့် အခါမှာ ခြောက်လအတွင်း ရွေးကောက် ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ယင်း အပေါ်တွင်မူတည်ပြီး သတ်မှတ်သည့် Time Line ပေါ်တွင် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
Eleven Media Group မှ သတင်းထောက် ဦးအောင်မင်းသိန်းက ပထမဆုံး မေးချင်သည်မှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် ပြီးခဲ့သည့် အစိုးရ လက်ထက်တွင် ထိပ်ပိုင်းတာဝန်ယူခဲ့ သူများကို အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေဖြင့် အရေးယူထားသည် ဆိုပြီး ထုတ်ပြန်ထားသည်ကို တွေ့ရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် (ဟောင်း) ဦးဖြိုးမင်းသိန်းက ထွက်ဆိုခဲ့ကြောင်း၊ လာဘ်ပေး လာဘ်ယူမှုနှင့် ပတ်သက်ပြီး အရေးယူထားမှုကို သတင်း များတွင် ဖော်ပြထားသည်ကိုတွေ့ ရကြောင်း၊ အလားတူ စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌသည် လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို လာဘ်ပေးခဲ့ရမှုများရှိသည်ကို သတင်း ထုတ်ပြန်မှုများ၊ ယခင်သတင်းစာရှင်း လင်းပွဲများတွင် ထုတ်ပြန်ခဲ့မှုများရှိကြောင်း၊ ထိုကိစ္စများတွင် လာဘ်ယူသည့် ပုဂ္ဂိုလ်များကို အရေးယူထားသည်ကို ထုတ်ပြန်ထားကြောင်း၊ လာဘ်ပေးခဲ့ သည့် ပုဂ္ဂိုလ်များကိုလည်း အရေးယူမည်၊ သို့မဟုတ် ထိုသူများကို ဥပဒေအရ အရေးယူမှုမရှိဘဲ ကင်းလွတ်ခွင့်ပေးမည် ဆိုသည်ကို သိချင်ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နှင့် ပုဒ်မ၆၃ တို့အရတရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စ များတွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေး ဥပဒေ၊ စုံစမ်းစစ်ဆေးတွေ့ရှိချက် များအရပြစ်မှုထင်ရှားပါက ပုဒ်မ ၅၅ အရ အရေးယူခံရမည့် အမှုများရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက် လျက်ရှိရာ သက်သေခံချက်များရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ တွင် လာဘ်ပေးသူ၊ လာဘ်ယူသူပါ ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပထမရည်မှန်းချက်ဖြစ် သည့် UEC ဖွဲ့စည်းပြီး မဲစာရင်းများစစ် ဆေးခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးနေ ရင်း အခြားအကြောင်းအရာများတွေ့လာ ရသည့်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်သေခံချက် အပြည့်အစုံရရှိသည့် အတွက် ယခုကဲ့သို့ တရားစွဲတင်ခြင်းဖြစ်ကြောင်း၊ တရားစွဲသည့်အချိန်တွင် ဥပဒေ၏အထက်တွင် မည်သူမှ မရှိကြောင်း၊ တရားဥပဒေ အတိုင်းသာဖြစ်စေ ရမည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
Eleven Media Group မှ သတင်းထောက် ဦးအောင်မင်းသိန်းက ပြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် တာဝန်ယူခဲ့သည့် ပုဂ္ဂိုလ်တော်တော် များများကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်ဆိုသောသတင်းများ ထွက်ပေါ်နေကြောင်း၊ သတင်းဌာနတစ်ခု ၏ အင်တာဗျူးတွင် အစိုးရအဖွဲ့ဝင်များကို တွေ့ခဲ့ရသော်လည်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်(ဟောင်း) ဦးဖြိုးမင်းသိန်းကို ထောင်ထဲတွင်မတွေ့ရဟု ထောင်ထဲမှ ထွက်လာသူများကို အင်တာဗျူးပြီး ရေးထားမှုများကို မိမိတို့အနေဖြင့် ဖတ်ရကြောင်း၊ လက်ရှိအချိန်တွင် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် (ဟောင်း) ဦးဖြိုးမင်းသိန်းကို မည်သည့်နေရာတွင် ထိန်းသိမ်းထားပြီး၊ မည်ကဲ့သို့ စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက တတိယ အကြိမ် သတင်းစာရှင်းလင်းပွဲတွင် မိမိပြောခဲ့ကြောင်း၊ အကုန်လုံး အင်းစိန်ထောင် ထဲတွင် မဟုတ်ကြောင်း၊ တချို့ ဝန်ကြီး ဟောင်းများရှိကြောင်း၊ တာဝန်ရှိသူများရှိကြောင်း၊ တချို့မှာ တပ်မတော်ရိပ်သာ များတွင် ကောင်းမွန်စွာ ထားလျက်ရှိသည် ကို ပြောခဲ့ပြီးဖြစ်ကြောင်း၊ ဥပမာနေပြည်တော်တွင် UEC အဖွဲ့ဝင်များကို တပ်မတော်ရိပ်သာများတွင် ကောင်းမွန် စွာ ထားရှိသည်ကို ပြောခဲ့ပြီးလည်းဖြစ်ကြောင်း၊ ထိုနေရာများတွင်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
Eleven Media Group မှ သတင်းထောက် ဦးအောင်မင်းသိန်းက ပြီးခဲ့သည့် အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် အဂတိလိုက်စားသည်ဟု နာမည်ထွက်ခဲ့သည့်သူများ တော်တော် များများရှိကြောင်း၊ ထိုအထဲတွင် ဝန်ကြီး အဖြစ်တာဝန်ယူခဲ့သည့် ဒေါ်နီလာကျော် ကိုလည်း ယခုအစိုးရတက်လာ သည့် အချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့် အရေးယူခဲ့မှုကို တွေ့ရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်(ဟောင်း) ဦးဖြိုးမင်းသိန်း စက်သုံးဆီ ကိစ္စများ၊ YBS ကိစ္စများ၊ မင်္ဂလာဒုံတွင်ရှိသော စွန့်ပစ်မြေများနှင့် ပတ်သက်ပြီး အဂတိလိုက်စားခဲ့သည် ဆိုပြီး နာမည်ကျော်ကြားခဲ့သည့် ပုဂ္ဂိုလ် လည်းဖြစ်ကြောင်း၊ ၎င်းကို အခြားပုဂ္ဂိုလ် များနည်းတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူရန် ရှိ/ မရှိ၊ ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဘက်က စစ်ဆေး မေးမြန်းမှုများရှိ/မရှိ မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ကြီး ချုပ်များနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်း နေမှုများရှိကြောင်း၊ ထုတ်ပြန်နေမှုလည်း ရှိကြောင်း၊ စစ်ဆေးမေးမြန်းစဉ်ကာလနှင့် စစ်ဆေးမမေးမြန်းခင်ကာလကို ကြိုတင်ပြော၍မရကြောင်း တွေ့ရှိချက်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီး ချုပ်တိုင်းလည်း အရေးယူခြင်း မဟုတ်ကြောင်း၊ အရေးယူခဲ့သည့် အမှုဖွင့်ခဲ့သည့် ဝန်ကြီးချုပ်များကို ဘာကြောင့်အမှုဖွင့်ခဲ့သည်၊ ဘာကြောင့်အရေးယူခဲ့သည်ကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သွား မည်ကို ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
Eleven Media Group မှ သတင်းထောက် ဦးအောင်မင်းသိန်းက ပြီးခဲ့သည့် အစိုးရအဖွဲ့တွင် တိုင်းဒေသကြီးဝန်ကြီး ချုပ်အဖြစ်တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ် တော်တော်များများ ဒေါက်တာဇော်မြင့်မောင် အပါအဝင် တခြားဝန်ကြီးချုပ်များ ကိုလည်း ယခုအစိုးရလက်ထက်တွင် အရေးယူခဲ့သည်ကို တွေ့ရကြောင်း၊ ထိုအထဲတွင် ထူးထူးခြားခြား ရန်ကုန် တိုင်းဝန်ကြီးချုပ်(ဟောင်း) ဦးဖြိုးမင်းသိန်း တစ်ယောက်သာ မည်သည့်အမှုဖြင့် အရေးယူထားသည်ကို မတွေ့ရကြောင်း၊ ၎င်းသည် အတိုင်ပင်ခံပုဂ္ဂိုလ်ကို လာဘ်ပေးထားသည်ဆိုပြီး ထွက်ဆိုထားသော ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ကြောင်း၊ ၎င်းကိုလက်ရှိအချိန်တွင် ဘာမှ မလုပ်သေးသည်ကို ဖြေ၍ရပါက ဖြေပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ဥပဒေအရ ဖြစ်စေရမည်ဖြစ်ကြောင်း၊ မည်သူမှ ဥပဒေအထက်တွင် မရှိစေဟုသာ ပြောလိုကြောင်း၊ စစ်ဆေးမေးမြန်းနေဆဲအမှုများ၊ လုပ်ဆောင်နေဆဲ ကိစ္စများနှင့်ပတ်သက် ပြီး တရားရုံးက စစ်ဆေးနေသည့်အမှုများ၊ ဆုံးဖြတ်နေဆဲအမှုများကို မမေးပါနှင့်ဟု ပြောခဲ့သည်များရှိကြောင်း ပြန်လည် ဖြေကြားသည်။
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စာသင်ကျောင်းနှင့် အဆောက်အအုံများကို ဖျက်ဆီးနေမှုများ၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေမှု များသည် အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး ပြုစုထားမှုများရှိပါက သိလိုကြောင်း၊ တချို့မီဒီယာများက ထိုကဲ့သို့လုပ်ဆောင် ချက်များသည် တပ်မတော်က အာဏာ သိမ်း၍ ဖြစ်သည်ဟု ပြောဆိုနေမှုများရှိကြောင်း၊ ထိုအချက်အပေါ်၌ သဘောထား ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက NLD ပါတီဝင်များ၊ NLD ပါတီထောက်ခံသူ အစွန်းရောက်များက ရာဇဝတ်မှုအဖြစ် ကျူးလွန်ခဲ့သော အဖျက်လုပ်ငန်းများရှိကြောင်း၊ ထိုအဖျက်လုပ်ငန်းများကို ဇယားဖြင့် ဆွဲထားမှုရှိကြောင်း၊ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရသူစာရင်းများရှိကြောင်း၊ ထိုစာရင်းဇယားများကို ယခု သတင်းစာရှင်းလင်းပွဲပြီးပါက မီဒီယာများကို ပေးလိုက်မည်ဖြစ်ကြောင်း၊ အကြမ်းဖျင်းပြောနိုင်သည်မှာ စာသင်ကျောင်း ၁၉၈ ကျောင်းကိုမိုင်းထောင်ခြင်း၊ စာသင်ကျောင်း ၅၀ ကို မီးရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူ ၁၇၃ ဦး သတ်ဖြတ်ခံရခြင်းများရှိကြောင်း၊ ဇယားထဲတွင် ရုံးများ၊ ရဲစခန်း များ၊ ရဲကင်းများ၊ အဆောက်အအုံများက အစ ပါဝင်မည်ဖြစ်ကြောင်း၊ လူများထဲတွင် စွပ်စွဲခံရသည့် လူ၊ ဒလန်အဖြစ် သတ်ဖြတ် ခံရသူ၊ ညှဉ်းပန်းနှိပ်စက်ခံရသည့်သူ စသည်ဖြင့် ခွဲခြားထားမှုများရှိကြောင်း၊ စာရင်းဇယားအသေးစိတ်ကို ပေးလိုက်မည်ဖြစ်ကြောင်း။
ပြသသွားသည့် ဗီဒီယိုဖိုင်များတွင် လည်း ပြစ်မှုများကို မည်သူက ကျူးလွန် ခဲ့သည်၊ ကိုယ်တိုင်ကျူးလွန်ခဲ့သည့်သူ များကိုယ်တိုင် ပြောပြီးဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်အာဏာကို ဘာကြောင့်ထိန်းရသလဲဆိုသည်ကို ခဏခဏပြောပြီးဖြစ်ကြောင်း၊ မဲလိမ် မဲခိုး၍ အာဏာထိန်းရခြင်းဖြစ်ကြောင်း၊ မဲလိမ်မဲခိုးသည်ကို NLD အစိုးရက ဘာကြောင့်မရှင်းရသည့် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာအမြင်နှစ်ခုကို ပြောချင်ကြောင်း၊ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဟောင်း ပွန်ပီရို၏ထုတ်ပြန်ချက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့မှုရှိကြောင်း၊ ထိုစာသည် မြန်မာနိုင်ငံ ရွေးကောက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုံမှန်မဖြစ်သည့် ကိစ္စများ ရှိနေသောအကြောင်းနှင့် အပြန်အလှန် စွပ်စွဲမှုများကို ဖြေရှင်းရာတွင် ပွင့်လင်း မြင်သာစွာနှင့် ညင်သာစွာဖြင့် တာဝန်ရှိ သူများအားလုံးက ဖြေရှင်းကြရန်ဟု ပြောခဲ့မှုရှိကြောင်း၊
နောက်တစ်ခုမှာ အဓိက နိုင်ငံခြား မီဒီယာ တစ်ခုဖြစ်သည့် NIKKE Asia က ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်တွင် သတင်းရေးထားမှုရှိကြောင်း၊ ထိုအထဲက ထုတ်ပြန် ချက်တစ်ခုကို ပြောလိုကြောင်း၊ တစ်မှာ “တပ်မတော် အာဏာမထိန်းခင် အချိန်က ဒေါ်အောင်ဆန်းစုကြည်သည် အဘယ့်ကြောင့်မဲလိမ်မဲခိုးမှုများကိုတပ်မတော်က ဖြေရှင်းပေးရန် အကြိမ်ကြိမ် တရားဝင် တောင်းဆိုပါလျက် ငြင်းခဲ့သည်မှာ တပ်မတော် အာဏာသိမ်းယူခြင်းကိစ္စ၏ အကြီးမားဆုံး ပဟေဠိဖြစ်ပါသည်။ ထို့ကြောင့် ဤကာလတွင် ဖြစ်ပျက်နေသောအခြေအနေနှင့် သေဆုံးမှုများ အတွက် ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်မကင်းဟု ဆိုရပေမည်” ဟု NIKKEI Asia အယ်ဒီတာချုပ်အာဘော်တွင် သုံးသပ်ထားကြောင်း၊ အစိုးရပိုင်းက မိမိတို့အတွေးဖြင့် အကြောင်းပြချက်များ ငြင်းနေ၊ ပြောနေပါက မိမိတို့၏ အာဘော်များသာဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားအာဘော် နှစ်ခုကို ထောက်ပြခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် မည်သည့်ဘက်က ရေးနေသည့်သူ၊ မည်သည့်ဘက်က ရှိနေသည့်သူများ ဆိုသည်ကို အကုန်သိပြီးဖြစ်ကြောင်း၊ ထိုသူများကိုယ်တိုင် ဤကဲ့သို့ ဝေဖန်ခဲ့သည်ကို ပြောကြားလိုကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)