Skip to main content

Sep 04, 2022

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက မကြာမီရိုက်ကူးထုတ်လွှင့်မည့် “နိပါတ်တော်လာဇာတ်သဘင်မဟာ” အစီအစဉ်မှ “တံခါးမှူးဒတ္ထဇာတ်တော်” အထူးတင်ဆက်မှုအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2022

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားရေးဝတ်ရေး ဖူလုံစေရန်နှင့် တောင်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန်တို့အတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိသကဲ့သို့ နိုင်ငံ၏စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေမည့် မူဝါဒများဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စွာမင်းနှင့်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် ​ပြန်ကြား​ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပြီး Mtube Video Sharing and Live Streaming Platform နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

အင်ဂျင်နီယာများသည် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဘောဂဗေဒဘာသာရပ်ကို မဖြစ်မနေ သိရှိနားလည်ပြီး လက်တွေ့ကျင့်သုံး ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဘောဂဗေဒဘာသာရပ်ကို သင်တန်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

AMI စနစ်ကို Energy Meter , Server , Data Base နှင့် ဆက်သွယ်ရေးနည်းပညာ ပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ်၊ ဓာတ်အား ကွပ်ကဲ/ ထိန်းသိမ်း/ မောင်းနှင် စနစ်တို့ဖြင့် မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်စေရေး၊

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၏ (၅၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၉)၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

အမျိုးသားပြတိုက် (နေပြည်တော်) ၌ ဗုဒ္ဓအနုပညာပြခန်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်း နှစ်ခန်း ထပ်မံတိုးချဲ့ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွက်အနီး ပေါင်းလောင်းမြစ်ရေပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း (Gold Medal Hall) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် United Nations Office for the Coordination of Humanitarian Affairs (UNOCHA) တို့အကြား သဘောတူညီမှုစာလွှာ (Letter of Agreement - LoA) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2022

လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2022

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံခရီးသွား လုပ်ငန်းစံနှုန်းဆုများ ပါဝင်ယှဉ်ပြိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (United Nations Food and Agriculture Organization-  FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Yuka Makino က ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြု တွေ့ဆုံပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2022

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ “အသက်ထက်မြတ်သောဂုဏ်သိက္ခာ”  ဇာတ်တော်ကြီး ဇာတ်တိုက်လေ့ကျင့်မှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2022

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “၂၀၂၂ ခုနှစ်၊ ဗိုဗီနမ်နည်းပြသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား”ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၊ Gold Camp ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2022

စပိန်နိုင်ငံအခြေစိုက် Lumbini Garden Foundation ၏ ဥက္ကဋ္ဌ Mr. Jose Maunel Vilanova Aleman ဦးဆောင်သောအဖွဲ့သည် ဗုဒ္ဓဘာသာ အခြေခံသော အာရှ- ဥရောပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စပိန်နိုင်ငံတွင်ဆောင်ရွက်မည့် The Great Maha Karuna စီမံကိန်းနှင့်စပ်လျဉ်းပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2022

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများသို့ ဖွင့်လှစ်ပို့ချပေးမည့် “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2022

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၁၈)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအတွက်အသုံးပြုရန် မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးဝင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်