Aug 14, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံတို့ကို ရှင်းလင်းတင်ပြသည်။
Aug 14, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
Aug 13, 2022
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Aug 12, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Aug 12, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၁၉)ကို “Project Delivery System” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
Aug 12, 2022
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြသည်။
Aug 11, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သား၊သမီးများ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် အဆင့်ကျောင်းများတွင် တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသား၊ သမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ ကျင်းပသည်။
Aug 11, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် အပြန်အလှန်အသိအမှတ်ပြုရေးအစီအစဉ် (ASEAN Mutual Recognition Arrangements on Tourism Professional ASEAN MRA-TP) ကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ASEAN MRA-TP ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ ASEAN MRA-TP အသိပညာပေးဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Aug 07, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီ ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် ဆောင်ရွက်လျက်ရှိသည့် ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းအိမ်ရာများရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ ကိုယ်တိုင်ပါဝင်၍ ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။
Aug 06, 2022
မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းပြုစုရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇) မိုင်ရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။
Aug 06, 2022
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ယှဉ်ပြိုင်မှုတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေး တံဆိပ်တစ်ခု၊ ရေကူးအားကစားနည်းမှ ငွေတံဆိပ်နှစ်ခု၊ ဘောလုံးအားကစားနည်းမှ ကြေးတံဆိပ်တစ်ခုနှင့် အလေးမအားကစားနည်းမှ ကြေးတံဆိပ်နှစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
Aug 06, 2022
နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လက္ခဏာများ အသီးသီးရှိကြသည်။ နိုင်ငံမည်မျှတိုးတက်ပြောင်းလဲစေကာမူ မိမိနိုင်ငံ၏ ယဉ်ကျေးမှုစရိုက် လက္ခဏာများကို မဖျက်ကြပေ။ အနောက်နိုင်ငံများသည် ၎င်းတို့ယဉ်ကျေးမှုကို ဖျောက်ဖျက်ပြောင်းလဲခြင်းမရှိပေ။ အရှေ့နိုင်ငံများသည် အနောက်ယဉ်ကျေးမှုကို နှစ်သက်သော်လည်း မိမိယဉ်ကျေးမှုကို ထိန်းသိမ်းလျက်ရှိသည်။ ယဉ်ကျေးမှုပျောက်ပျက်ပါက နိုင်ငံပျက်စီးနိုင်သည်။
Aug 05, 2022
ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရမည့်တာဝန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ဂီတ၊ သဘင်၊ ပန်းချီစသည့် အနုသုခုမ ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေခြင်း ဆောင်ရွက်မည့် “ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ” အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။
Aug 05, 2022
နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂)ကို ဩဂုတ် ၃ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 04, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 04, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ AFC Women's Club Championship 2022 (EAST) အာရှအမျိုးသမီးကလပ်အသင်းများ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ISPE (FC) ဘောလုံး (အမျိုးသမီး) အသင်း၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
Aug 04, 2022
ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မဲဒီကျေးရွာ၌ ကျင်းပသည်။
Aug 03, 2022
ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 03, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
Aug 03, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် ၁၃၊ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
