Skip to main content

May 20, 2022

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် Online ဖြင့် ဖွင့်လှစ်ခဲ့သည့် UN Conventions, Laws & Policies Awareness သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနခွဲမှညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဘာသာရပ်ဆိုင်ရာနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်ဓာတ်ခွဲခန်းသို့ ရောက်ရှိပြီး Transformer များ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးဝါယာကြိုးများ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တပ်ဆင်ခြင်း ရှိ/မရှိနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2022

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Ha Dong အားကစားရုံ၌ ဘိလိယက်/ စနူကာ အားကစားနည်းမှ English Billiards တစ်ဦးချင်း ဗိုလ်လုပွဲပွဲစဉ်တွင် မြန်မာအားကစားသမား ပေါက်စက ကမ္ဘာ့ဘိလိယက်ချန်ပီယံပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ဆုနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ခြောက်ဆုရရှိထားသော စင်ကာပူနိုင်ငံသား မစ္စတာပီတာ ဂေးခရစ်ကို သုံးပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပဉ္စမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော်မှ ထပ်မံဂုဏ်ပြုချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ သုံးထောင်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကိုယ်စား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2022

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2022

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး Online သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2022

ပဲခူးရိုးမအရှေ့ခြမ်းရှိ ဆည်ရေလှောင်တမံများနှင့် စစ်တောင်းမြစ်အကြားရှိ စိုက်ပျိုးမြေများအားလုံး စွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ အလားအလာရှိသော စိုက်ပျိုးမြေများ စိုက်ပျိုးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြစ်ရေတင်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် သဖန်းပင်မြစ် ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၂)နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီးဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၌ သင်္ဘောကပ်ရန် တည်ဆောက်မည့် ဆိပ်ခံဗောတံတား သယ်ယူခြင်း၊ လွန်းတင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးပွားရေယာဉ်ဖြင့် ဗိုလ်တထောင်ဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့် ဆိပ်ခံဗောကို သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2022

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်းဒီပလိုမာသင်တန်းအမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ကမာရွတ်မြို့နယ် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်စစ်ရေးပြကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2022

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဝန်ကြီးရုံး မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2022

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ပထမအကြိမ်အဖြစ် သွားရောက်တာဝန် ထမ်းဆောင်မည့် ဌာနခွဲစာရေးများ အင်္ဂလိပ်စာနှင့်နိုင်ငံခြားရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနလောကနတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2022

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Ha Long City ၌ ကျင်းပလျက်ရှိသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲဝင် မြန်မာအားကစားသမားများကို သွားရောက်တွေ့ဆုံ နှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မကွေးမြို့မြသလွန်စေတီတော်တွင် ဖွင့်လှစ်ထားရှိမည့် သတင်း ပြန်ကြားရေးကောင်တာ ဖွင့်လှစ်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2022

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2022

(၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့ကို ၂၀၂၂ ခုနှစ် မေ ၁၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ Conrad Hotel Bali ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 16, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် အစည်းအဝေးခန်းမသို့ရောက်ရှိပြီး ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်း၊ ပါမောက္ခချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ Clean Power Energy Co.,Ltd မှ တည်ဆောက်ထားသော ၃၀ မဂ္ဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုနှင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံတို့မှ ဓာတ်အားဖြန့်ဖြူးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2022

(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်းမင်္ဂလာအခမ်းအနား (ပထမ)ပိုင်း မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညို၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးလိုဏ်ဂူတော်အတွင်း ဂေါတမဗုဒ္ဓရုပ်ပွားတော်ဆင်းတုတော်ရှေ့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်