May 14, 2022
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကြိုးပြင် ကာကွယ်တောရှိ (၃/၂၀၂၁) ရေဝေရေလဲစိုက်ခင်း (၂၅)ဧကနှင့် (၁/၂၀၂၂) စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း (၂၅) ဧကသို့ ရောက်ရှိပြီး စိုက်ခင်းများ ရှင်သန်အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
May 14, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တောင်းဆုရ “ဝ” စေတီတော်ရှိ မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
May 14, 2022
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း (၂၀) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂေါက်သီး၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ စစ်တုရင်၊ Rowing၊ ဝူရှူး၊ ကာယဗလကာယအလှနှင့် ဖူဆယ်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
May 14, 2022
(၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး (15th ASEAN HEALTH MINISTERS MEETING) ကို ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ရှိ CONRAD HOTEL BARLI တွင်ကျင်းပရာ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ကျန်းမာရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
May 14, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် မေ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်နေစဉ်အတွင်း ယနေ့နံနက် ဒေသစံတော်ချိန် ၁၁ နာရီခန့်တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Anutin Charnvirakul ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် CORAD HOTEL Bali၊ Lagoon Room(1) ၌ တွေ့ဆုံသည်။
May 14, 2022
စက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကဆုန်ညောင်ရေသွန်းလောင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မဟာဗောဓိညောင်ပင်တည်ရှိသည့် ထီးသုံးလက်တောင်ကုန်း၌ ကျင်းပသည်။
May 12, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၈ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးများက ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူဆောင်ရွက်သော (၂၅)ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ Virtual အစီအစဉ်ဖြင့် တက်ရောက်သည်။
May 12, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့ ပူးပေါင်း၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)တို့တွင် ဖွင့်လှစ်သင်ကြားသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
May 12, 2022
လယ်ယာမြေများကိုအသုံးချမှု ဖွံဖြိုးတိုးတက်စေရန် စနစ်တကျ စီမံခန့်ခွဲရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာ အချက်အလက်စာရင်းဇယားများ မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 12, 2022
(၅)ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်း ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ ဆင်းရဲမှုပပျောက်ရေးကော်မရှင်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
May 12, 2022
“AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force)၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
May 12, 2022
လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
May 12, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ ရောက်ရှိပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ Language Lab ခန်းများ၊ Computer စာသင်ခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းသားကျောင်းသူများအတွက် ချက်ပြုတ်နေမှုများ၊ စာကြည့်တိုက်၊ ကျောင်းတွင်းသန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ အားကစားကွင်းကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်မည့် အခြေအနေတို့ကို လှည့်လည်စစ်ဆေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်တက်ရောက်မည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံနှုတ်ဆက်သည်။
May 12, 2022
(၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Gymnasium တွင် Kurash အားကစားနည်း +၈၇ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့များက တက်ရောက်ကြည့်ရှု အားပေးကြသည်။
May 12, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ ရောက်ရှိပြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာမိုးလေဝသ Website များမှ အချက်အလက်များကို ရယူ၍ ဆိုင်ကလုန်းမုန်တိုင်း အာစန်နီနှင့်ပတ်သက်ပြီး လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်၏ တင်ပြဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
May 11, 2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မင်းလှမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာ ရဋ္ဌဂုရုဘဒ္ဒန္တကုဏ္ဍလမဟာထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
May 11, 2022
ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲပွဲစဉ်များကိုယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင်ဗီယက်နမ်နိုင်ငံVietTri ဘောလုံး အားကစားကွင်း၌ မြန်မာ U-23 အသင်းနှင့် ဖိလစ်ပိုင် U-23 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဗီယက်နမ်ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ဇေယျနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။
May 11, 2022
ဗီယက်နမ်နိုင်ငံ၌ကျင်းပသည့် (၃၁) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ရန်မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
