ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 28,2020
ချင်းပြည်နယ် သမဝါယမဦးစီးဌာနမှ မိမိဌာနအတွင်းဝန်ထမ်းများ သက်သာချောင်ချိရေး၊ စားနပ်ရိပ်က္ခာ ဖူလုံရေးအတွက် အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း(Mask)များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Oct 28,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်အတွင်း မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ Thantlang Association Baptist Church (TABC) Hall ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 28,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ အယ်နာရွှေလွှမ်း၏ ကြီးကြပ်မှုဖြင့် ဆေးဝါးပစ္စည်းများနှင့် ကိုဗစ်−၁၉ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနာကို ယနေ့နံနက်ပိုင်းက ဆမီးမြို့တိုက်နယ် ဆေးရုံနှင့် အထက ကျောင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Oct 28,2020
မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ်အတွင်းရှိ CBFQများတွင်ထားရှိသည့် ရန်ကုန်မှ ပြန်လာ သူ(၆၁) ဦးအား (၂၅ - ၁၀ -၂၀၂၀ )ရက်နေ့က နှာခေါင်းနှင့် အာခေါင်တို့ဖတ်ရယူ၍ မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီးသို့ ပေးပို့စစ် ဆေးခဲ့ရာ(၁၀)ဦးတွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရ သည်။
Oct 28,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်ည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ မဲရုံ များတွင်
Oct 28,2020
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်မည့် အထူးရဲများ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၇)နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Oct 28,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ သရုပ်ပြခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။
Oct 28,2020
ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် နေရပ်ပြန်(၂)ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီ ဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယမန်နေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး နေအိမ်တွင် (၇)ကြာ Home Quarantine ဆက်လက်နေထိုင်ရမည်ဖြစ်သည်။