ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 02,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီး ဘိုးဘွား များအား ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်(CERP)ဖြင့် ထောက်ပံ့ငွေကျပ် (၃၀၀၀ဝိ/)ကျပ်စီကို အောက်တိုဘာလ (၂)ရက် နံနက်ပိုင်းက လက်ဝယ်အရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
Oct 02,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၂)ရေက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစုးမှု အစီအစဉ်အရ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေး လျက်ရှိသည်။
Oct 02,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။
Oct 02,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အမည်စာရင်းကို ယမန်နေ့က ဒုတိယအကြိမ် ထုတ်ပြန် ကြေငြာပေးခဲ့သည်။
Oct 02,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်၍ မံစီမြို့မရဲစခန်း၌ သင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိနေကြောင်း သိရသည်။
Oct 02,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်−၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက်(၈၀)နှင့် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်က ပေးအပ်ခဲ့သည်။
Oct 02,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊နောင်မွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်‌နေ့နံနက်(၈)ချိန်ခန့်တွင် လုံမောင်ခန်းမ၌ ကျင်းပခဲ့သည်။
Oct 02,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လယ်ဂျယ်မြို့ပေါ် (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု တစ်အုပ်စုရှိ ကော်မရှင် အဖွဲ့ခွဲရုံး များတွင် အောက်တိုဘာ(၁)ရက်နေ့စတင်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိကြောင်း သိရသည်။