Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဝိုင်းမော်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းဖွင့်လှစ်
Oct 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်းကို ယနေ့ နံနက်(၉)နာရီတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးအထူးရဲ သင်တန်းဖွင့်လှစ်ပို့ချ
Oct 01,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးအထူးရဲ သင်တန်းဖွင့်လှစ် ပို့ချခြင်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်မြေရဲစခန်း၌ ယနေ့နံနက်(၇)နာရီတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်
Oct 01,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘန်ရူခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ်ကပ်ထား ကြေညာ
Oct 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်ရုံးများ၊ ဟားခါးမြို့ပေါ်တွင် (၁၁)နေရာနှင့် ကျေးရွာအုပ်စုများ တွင်(၆၈)နေရာ စုစုပေါင်း (၇၉)နေရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ၍ကပ်ထား ကြေညာခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှစ၍ ကပ်ထားကြေညာ လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိုင်လင်းပီမြို့၌ ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာ
Oct 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရာ၌ မဲဆန္ဒရှင်အမည်စာရင်း မှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲအပြည့်အဝပေးနိုင်ရေးတို့အတွက် ဒုတိယအကြိမ်အဖြစ် အခြေခံမဲစာရင်းများ ကပ်ထားကြေညာခြင်းကို လိုင်လင်းပီမြို့၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ အမှတ်(၁) ရပ်ကွက်ရှိ MTP Hall နှင့် အမှတ်(၂)ရပ်ကွက်ရှိ KTP Hall တို့တွင် ယနေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာ ပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့၌ ဒုတိယအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Oct 01,2020
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို ယနေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်ရှိ စည်ပင်သာယာဈေးနှင့်ပျံကျဈေးနေရာများတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်
Oct 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြိုနယ်တွင် ကိူဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရေးအတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်သာယာဈေးနှင့် ပျံကျဈေးနေရာများတွင် မြိုနယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌နေရပ်ပြန်လာသူများ၏ ဓာတ်ခွဲနမူနာများရယူ ကာ သီးသန့်စောင့်ကြည့်နေရာများတွင် ကန့်သတ်ထားရှိ
Oct 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်ပနှင့် ပြည်တွင်းရှိ အခြားမြို့နယ်များ မှ နေရပ်သို့ပြန်လည်ရောက်ရှိလာသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန် အတွက် မြို့နယ်မနောကွင်းအတွင်းရှိ ခန်းမ၌ (၁၄)ရက် ကန့်သတ်ထားရှိလျက်ရှိရာ စက်တင် ဘာလ(၂၁)ရက်နေ့တွင် ပြည်ပမှနေရပ်သို့ပြန်လာသူ ကျား(၇)ဦးနှင့် မ(၄)ဦးနှင့် မန္တလေးမှပြန်လာသူ မ(၁)ဦး စုစုပေါင်းကျား(၇)ဦးနှင့် မ(၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်း တို့ပတ်၊ အာခေါင်တို့ပတ်အား ရယူခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
156
Page
157
Page
158
Page
159
Current page
160
Page
161
Page
162
Page
163
Page
164
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department