ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 19,2020
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး၌ လက်ဆေးဘေစင်တစ်ခု တပ်ဆင်ထားရှိပေးထားကြောင်း သိရသည်။
Mar 19,2020
ပခုက္ကူမြို့နယ် သမဝါယမအသင်းစုနှင့် အလှူရှင်များက စက်ရေတွင်းပျက်၍ ရေအခက်အခဲဖြစ် နေသော ပခုက္ကူမြို့နယ် ဇီးပင်ကန်ကျေးရွာ ပြည်သူများထံသို့ ယမန်နေ့ ညနေ ၅ နာရီက‌ သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သိရသည်။
Mar 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ (COVID-19) ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင် ကာကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီက လူစည်ကားရာ နေရာ(၅)နေရာ၌ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း၊ လက်ဆေး နည်းစနစ် သရုပ်ပြခြင်း၊ နှာခေါင်းစည်း Mask များ ပေးဝေခြင်းများ ဆောင်ရွက်သည်။
Mar 19,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကံကျေးရွာတွင် ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရေးအတွက် မြင့်မိုရ်စံထားကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် လေးလက်မ စက်ရေတွင်း တစ်တွင်း တူးဖော်ဆောင်ရွက်လျက်ရှိရာ မတ် ၁၉ ရက် ၊ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အချိန်မီပြီးစီးရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 19,2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးသန်းညွန့်ဝင်းသည် တိုင်းဒေသကြီး၀န်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ယမန်နေ့ညနေ ၂ နာရီက ရေဦးမြို့နယ်လုံး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမှကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မာင်မြင့်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်း တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Mar 19,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မီးသက်ဦးစီးဌာန၏ မြို့နယ်မီးသက်စခန်းသစ် ပန္နက်တင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသက်ဦးစီးဌာန ဝန်းတွင်ကျင်းပခဲ့သည်။
Mar 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စု ကုန်းစုကျေးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ကျေးရွာနေ ပြည်သူများ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှု မဖြစ်‌ပေါ်စေရန် ရည်ရွယ်၍ လေးလက်မ သောက်သုံးရေ စက်ရေတွင်း တူးဖော်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်တူး‌ဖော်လျက်ရှိကြောင်း သိရသည်။
Mar 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဉီးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းသောအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ​မြို့နယ်အတွင်းရှိ ဆေးမျိုးစုံဆိုင်များတွင် FDA မှတားမြစ်ထား‌သော ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။