ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 22,2020
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကြီးမှူးကျင်းပသည့် အမေရိကန်တက္ကသိုလ်ပညာရေးပြပွဲ ၂၀၂၀ (Education USA University Fairs 2020 )ကို မန္တလေးမြို့၊ ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ Hilton Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
Feb 22,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူ များသည် ဖူးစားပြောင်းကို နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကာ ယခုနှစ်တွင် ပြောင်းဖူးဈေးနှုန်းများ ယခင်နှစ်ကထက် ဈေးပိုရောင်းရသဖြင့် ဖူးစားပြောင်းစိုက်ပျိုး တောင်သူများ စီးပွားရေး တွက်ခြေကိုက်၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်းပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
Feb 22,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ဦးဆောင်ပြီး တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
Feb 22,2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည် ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းအုပ်စု၊ တော်ကမံကျေး ရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ သည်။
Feb 22,2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည် ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းအုပ်စု၊ တော်ကမံကျေး ရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ သည်။
Feb 22,2020
AIA Myanmar ၏ အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Golden Guest Hotel ၌ကျင်းပသည်။
Feb 22,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် သမဝါယမအသင်းစုနှင့် ကနေဒါသမဝါယမ အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သော My FINANCE Project ၏ ငွေစုငွေချေးလုပ်ငန်း ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈:၃၀ နာရီက မြို့နယ်သမဝါယမအသင်းစု ရုံးဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Feb 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မောင်ပေါ်ထွန်း၏ အဆင့်မြင့်အောင်မြင်သူတို့၏ အလေ့အထများဆောင်းပါး စာအုပ်ကို ယမန်နေ့ နံနက် ၉ နာရီခွဲက ၎င်းရုံးရှိ လူထုအခြေပြုဗဟိုဌာန၊Community Center ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပသည်။