ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 23,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဝန်ဆောင်မှု (OSS) လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁) ကျောင်းသားဟောင်းများအသင်းမှ ကြီးမှူးကျင်းပသော ပူဇော်ခံ ဆရာကြီး/ ဆရာမကြီးများအတွက် (၁၇၂) ကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှုကို ယနေ့နံနက် (၇) နာရီခွဲ က အ.ထ.က(၁) မြတ်ခရေခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Feb 23,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ဘူတာကျေးရွာတွင် ကျေးရွာသူ/သားများ ဆင်းရဲမှုလျှော့ချရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာငွေတိုက်ထူထောင်ရေး ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဘူတာ ကျေးရွာဘက်စုံသုံးခန်းမတွင် ပညာပေး ဟောပြောပွဲပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Feb 23,2020
ယင်းမာပင်ရေလျှံဇုန်အတွင်းရှိ ပုဂ္ဂလိကပိုင်ရေတွင်းများနှင့် သောက်သုံးရေတွင်း (၁၁၀၀)ကျော်အား မြေအောက်ရေ အလေအလွင့်မရှိစေရေးနှင့် ရေကို စနစ်တကျအသုံးပြုကာ ထိန်းသိမ်းတတ်လာရေးအတွက် ရေလျှံတွင်းများအား အထောင်ပိုက်များနှင့် ရေဂိတ်ဘားများ တပ်ဆင်ပေရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ခရိုင်ဦးစီး မှူး ဦးမောင်မောင်သန်းထံမှ သိရသည်။
Feb 23,2020
စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေး​ပွဲကို ယနေ့လယ်ပိုင်းက ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က ကြီးမှူး၍ ရဲလှကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။
Feb 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကျေးလက်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန တို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်သော "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းကို ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ တာတွင်းကုန်းကျောင်း ဓမ္မာရုံ၌ ဖေဖော်ဝါရီ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီတွင် ကျင်း ပပြုလုပ်သွားမည်ဖြစ်သည်။
Feb 23,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်မော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ၂၀၁၉ ခုနှစ် မိုးဥတုတွင် ပွင့်ဖြူမြို့နယ် မြောင်းဦးသစ်တောကြိုးဝိုင်းအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်အတွက် တည်ထောင် စိုက်ပျိုးထားရှိသည့် ဆင်လူးကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းသို့ သွားရောက်ပြီး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 23,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်၊ ဆင်ဖြူလမ်းရှိ အမှတ်(၁၂)အ​ခြေခံပညာမူလတန်း​ကျောင်း​ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ​ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ​ကျောင်း​တွင် ကျင်းပပြုလုပ်​ကြောင်း သိရသည်။