ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 01,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Feb 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲ (၃) နာရီ အချိန်ခန့်က ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Feb 01,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့မစျေးအတွင်း၌ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ စျေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
Feb 01,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် အဆုပ်ရောင်ရောဂါ coronavirus နှင့်ပတ်သက်၍ ကူးဆက်နိုင်ချေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ များနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများအား အသိပညာပေး ရှင်းလင်းပွဲကို၊ ယမန်နေ့၊ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင်ပြု လုပ်ခဲ့ကြောင်း သိရသည်။
Feb 01,2020
ပြည်သူများအကြား ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ ကျန်းမာရေး အသိပညာပေးနှင့် (2019 Novel Coronavirus 2019-nCov) ဗီနိုင်း ပိုစတာ ဆိုင်းဘုတ် စိုက်ထူခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် Mask များအခမဲ့ ဖြန်ဝေခြင်းတို့ကို ယနေ့ နံနက် ၈ နာရီခွဲက ရမည်းသင်မြို့ ရန်ကုန်−မန္တလေးကားလမ်းဘေး နာရီစင်အနီး လူစည်ကားသည့်နေရာတွင် ကျင်းပပြုလုပ်သည်။
Feb 01,2020
တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင် ရိုးရာခြင်းလုံးပြိုင်ပွဲကို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ရိုးရာ ခြင်းလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြိတ်မြို့တွင် ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး မြိတ်ခရိုင်အသင်းနှင့် ထားဝယ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲတွင် မြိတ်ခရိုင်အသင်းမှ အနိုင်ရရှိခဲ့သည်။