ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 01,2020
“ဖက်ဒရယ်စနစ် ဘဏ္ဍာရေးအစီအမံအခြေခံမူများ’’ ဆိုင်ရာ အကြံပြုဆွေးနွေးပွဲကို မန္တလေးမြို့၊ ၃၂လမ်းနှင့် ၃၃လမ်းကြား၊ ၆၇လမ်းနှင့် ၆၈လမ်းကြားရှိ ဆာကူရာဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပ ပြုလုပ်သည်။
Feb 01,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်သွင်းသော ပဲဈေးကွက်နှင့် ရောင်းအားများ ကျဆင်းနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း ဖွင့်ပွဲ ကို ယနေ့နံနက်(၉) နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု ၊ ရွှေဘိုရွာမကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Feb 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်း ဒေသခံပြည်သူများနှင့် ကလေးငယ်များတွင် ဗိုင်းရပ်စ်ရောဂါပိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားမှုများကင်းဝေးစေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန် ၀မ်းပျက်၀မ်းလျှော(Rota Virus) ကာကွယ်ဆေးစတင်ထည့်သွင်းတိုက်ကျွေးခြင်း အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်းမှ သတင်းအချက်အလက်နည်းပညာ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း (MIS Refresher Training) ကို ယမန်နေ့နံနက် (၉) နာရီက လူထုဗဟိုပြုစီမံကိန်းရုံးတွင် ပြုလုပ်ကျင်းပခဲ့သည်။
Feb 01,2020
ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ယဉ်ကျေးမှုနယ်မြေ လုံခြုံရေး ဌာနစိတ်မှ ကြီးကြပ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး၊ အုတ် ကျောင်း စသည်တို့အား ၂၀၁၉ခုနှစ် ဇန်နဝါရီ ပထမပတ်မှစ၍ Area-a, Area-B ,Area-C, Area-D အပိုင်းလေးပိုင်း သတ်မှတ်ပြီး သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ Area-C အတွင်းရှိ ဘုရား (၆၃၇)ဆူခန့်ကို (၁/၂၀၁၉)မှ(၃/၂၀၁၉)အထိ သုံးလသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Area –A အတွင်းရှိ ဘုရား(၃၈၇)ဆူခန့်ကို (၆/၂၀၁၉)မှ (၈/၂၀၁၉)အထိ သုံးလ သန့်ရှင်းရေး ဆောင်ရွက်ခံခြင်းနှင့် Area-B အတွင်းရှိ ဘုရား(၄၂၀)ဆူခန့်ကို (၉/၂၀၁၉)လမှ (၁၁/၂၀၁၉)လအထိ သန့်ရှင်းရေး သုံးလ ဆောင်ရွက်ခဲ့သည့် အ​ခြေအနေများကို သန့်ရှင်းရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ ကွင်းဆင်း စိစစ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေး ဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းထံက သိရသည်။