သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ စက်ဘီးစီးအားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး 
Dec 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ချစ်ကြည်ရင်းနှီးမှုများရရှိနိုင်စေရန်အတွက်၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ စက်ဘီးစီးအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ စက်ဘီးစီးပြိုင်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နေပြည်သူများ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်​/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်
Dec 14,2025
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ရပ်ကွက်/ကျေးရွာများရှိ စာကြည်တိုက်များဖွံဖြိုးတိုးတက် ရှင်သန်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး (Community Centre) ခန်းမတွင် ပြုလုပ်သည်။
ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလအထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက် ၅၂ လမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Dec 14,2025
ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရမည်းသင်းမြို့တွင် မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်
Dec 14,2025
ရမည်းသင်းခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့် အနီးကပ်ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဦးထွန်းထွန်းဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်တွင် KTV များ မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများများနှင့် ပူးပေါင်း၍ လုပ်ငန်းရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေးတွင် အသုံးပြုသည့်ပစ္စည်းများ အဆင်သင့်ထားရှိရန်၊ ဆိုင်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့်
ကျိုက်မရော မြို့နယ်၌ ဌာနဆိုင်ရာ ရုံးများအား မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်
Dec 14,2025
ကျိုက်မရော  မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာရုံးများမီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ဒီဇင်ဘာ  ၁၂ ရက်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
သာကေတမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး
Dec 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က သာကေတမြို့နယ်အခွန် ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အမေ့ရင်ခွင် မူကြိုကျောင်းတွင် အားကစားပြိုင်ပွဲများကျင်းပ
Dec 14,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အမေ့ရင်ခွင်မူကြိုကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ဒီဇင်ဘာ အားကစားလ အထိမ်းအမှတ် မူကြိုကလေးများအား အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့သည်။