ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ
Dec 14,2025
ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားပြီး အားကစားပြိုင်ပွဲမှတစ်ဆင့် ဌာနအချင်းချင်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်မှုစွမ်းအား တိုးတက်မြင့်မားလာစေရေး ရည်ရွယ်၍ ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ လူငယ်စင်တာ၌ ကျင်းပသည်။