အင်းစိန်မြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး
Dec 10,2025
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိပြီးစာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ပြည်သူများနှင့် စာသင်ကျောင်းများအရောက် စာအုပ်များသွားရောက်ဌားရမ်းပေးလျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အင်းစိန်မြို့နယ် အမက- (၃) ကျောင်းနှင့် အမက- (၅) ကျောင်းများသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။