သတင်းများ

ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  ပြပွဲနှင့်ပြိုင်ပွဲများပြုလုပ်
Dec 10,2025
ကရင်ပြည်နယ် ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဘားအံခရိုင် လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆောင်ရွက်သည်။
မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ
Dec 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော “လူငယ် ဆိုတာလန်းရမယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ (၂) နာရီက  မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 10,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သာသနာ့ဗိမာန်တော်၌ ပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Dec 10,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဗလငါးတန်နှင့် ပြည့်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ဒီဇင်ဘာ ၈ ရက်နေ့က  လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှု ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆောင်ရွက်
Dec 10,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးစောအောင်ရွှေဖြူ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ ဆီးချို၊ သွေးချိုရောဂါနှင့် အခြားရောဂါများအတွက် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးကျန်းမာရေးစောင့်ရှောက်မှုအား ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်မဲမြို့၌ အခမဲ့ဆေးကုသသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး
Dec 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခုတင် (၅၀)ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှု၊ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ပံ့ပိုးမှုဖြင့် ပြည်သူ့ဆေးရုံနှင့် မြို့နယ်အတွင်းရှိပြည်သူများအား အခမဲ့ဆေးကုသသည့် လုပ်ငန်းများကို ဒီဇင်ဘာလ (၆) ရက် နံနက် ၈ နာရီအချိန်ကစတင်ကာကုသပေးလျက် ရှိသည်။
သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့၏ မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 10,2025
မွန်ပြည်နယ်၊ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်အဆင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၌ ပါဝင်သည့် သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့၏ MVEM မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကော့သောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်‌ဆေး
Dec 10,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ဌာနဆိုင်ရာဝန်ထမ်းများ ပေါင်းစပ်၍ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ဆောင်ရွက်သည်။