သတင်းများ

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ်အတွင်း လမ်းပြုပြင်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 11,2025
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်သူများ သွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် တောင်ကြီးမြို့နယ် အတွင်း ရှိ လမ်းများ ပြုပြင်နေမှု အခြေအနေများကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေး ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Dec 11,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ချောင်းမကြီးရေလှောင်တမံနှင့် ရန်အောင်မြင်ရေလှောင်တမံသို့သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တမံပြုပြင်ဆောင်ရွက်နေမှုများနှင့် တမံမြေသား ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
တပ်ကုန်းမြို့နယ်၌ မဲရုံများ ဖွင့်လှစ်ထားရှိမည့် စာသင်ကျောင်းများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 11,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားမှုဖြင့် မြို့နယ်အတွင်း မဲရုံများဖွင့်လှစ်ထားရှိမည့် စာသင်ကျောင်းများ မီးလန့်မှုမဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Dec 11,2025
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်အတွက် အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်‌ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရေပူကျေးရွာအုပ်စု ရေပူကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ညောင်ရွှေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ရေပူကျေးရွာအုပ်စုအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရေပူကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ ကျက်သရေဆောင်ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဩဝါဒခံယူပွဲပြုလုပ်
Dec 11,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ကျက်သရေဆောင်ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်​ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဩဝါဒစရိယ ဆရာတော်များထံမှ ဩဝါဒခံယူပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျောက်မှော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်
Dec 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေး နယ်လှည့်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက အခြေခံပညာမူလတန်းကျောင်း(ဝမ်မီးမိုင်)သို့  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
Dec 11,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာ ၉ ရက်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။