သတင်းများ

အိမ်မဲမြို့တွင် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်ဆိုက်ထူ
Dec 11,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်‌ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိ‌စေရေး၊ မဲ‌ပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသား‌ရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်‌ကြောင်း ပြည်သူအားအသိပညာပေးလှုံ့ဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်တွင် အိမ်မဲမြို့ လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့တွင် စာဖတ်ရှိန်​မြှင့်တင်​​​ရေး နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Dec 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်​ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် မဲရုံအနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်များ၌ မီးဘေးလုံခြုံရေးစစ်ဆေး
Dec 11,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ရွေးကောက်ပွဲကျင်းပမည့် မဲရုံအနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်များတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Dec 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူလူငယ်များ အသိအလိမ်အမာတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများ တိုးပွားစေရေး၊  နိုင်ငံ‌တော်အတွက် အကျိုးပြုနိုင်‌သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ လူငယ်ရေး‌ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ (၁) နာရီက တရုတ်စုရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (တရုတ်စု) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ
Dec 11,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ချွေးနဲ့သွေးနဲ့ရေးခဲ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီက မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် မဲရုံဖွင့်လှစ်မည့် အခြေခံပညာကျောင်းများ၌ မီးဘေးလုံခြုံရေးစစ်ဆေး
Dec 11,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို ယမန့်နေ့မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်၌ ‎ ခရစ်စမတ်အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနား ကျင်းပ
Dec 11,2025
Sweet December, Merry Christmas and Happy New Year 2026 ကို ကြိုဆိုသောအားဖြင့် ခရစ်စမတ်အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်(မန္တလေး)ရှိ ဇီဝကခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Dec 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်​ ယနေ့နံနက် ၁၀ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။