နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ COVID-19 ကြိုတင်ကာကွယ်ရန် လက်ဆေးကြောခြင်း အသိပညာပေး
Mar 20,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့နံနက်မှစ၍ စာကြည့်တိုက်သို့ လာရောက်မည့် စာဖတ်ဝါသနာရှင်များ၊ စာအုပ်ငှါးရမ်းသူများနှင့် ကလေးငယ်များတို့ကို လက်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။