ရှားတောမြို့နယ်၌ နယ်စပ်မှဝင်ရောက်လာသော ခရီးသွားများအား ကျန်းမာရေးစစ်ဆေး
Mar 20,2020
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်၍ ကယား ပြည်နယ်၊ ရှားတောမြို့နယ် စျေးပိုင်းရပ်ကွက်(ကယားပိုင်း)တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်(လ.ဝ.က)နှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ ဘီဘီ-၉ (ထိုင်းနယ်စပ်)မှ ဝင်ရောက်လာသော ခရီးသည်များအား ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) သံသယလူနာများ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ သည်။