သတင်းများ

လှိုင်းဘွဲမြို့နယ်အတွင်း နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှုဖြစ်ပေါ်လာပါက ဆက်သွယ် အကူအညီ တောင်းခံနိုင်
Mar 20,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလအတွင်း သောက်သုံး ရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ရုံးဖုန်းနံပါတ်၊ ဝန်ထမ်းများ၏ ဖုန်းနံပါတ်များသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း မြို့နယ် ဦးစီးအရာရှိ ဦးစောအောင်မျိုးမြင့်ထံမှ သိရသည်။
သက်တမ်းလွန်စားသောက်ကုန်များနှင့် ကန့်သတ်ဆိုးဆေးပါဝင်သည့် အစားအသောက်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Mar 20,2020
မင်းတပ်မြို့ စည်ပင်ဧရိယာအတွင်းရှိ စျေးဆိုင်များ၌ သက်တမ်းလွန်စားသောက်ကုန်များနှင့် ကန့်သတ်ဆိုးဆေးပါဝင်သည့် အစားအသောက်ရောင်းချမှုရှိ/မရှိ ခရိုင်အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးကျော်ဆန်းလှိုင် ဒုတိယကြီးကြပ်ရေးမှူး(အစားသောက်)နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မှုခင်းကြိုတင်ကာကွယ်ရေး မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ် ကြပ်မတ် စစ်ဆေး
Mar 20,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် အခြားမှုခင်းများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ အထူး ကြပ်မတ် စစ်ဆေးခြင်းကို မြို့နယ်အတွင်း အဓိကကျသော နေရာများတွင် ညစဉ် ဆောင်ရွက်လျက်ရှိရာ
ဆိပ်ဖြူမြို့နယ်၌ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်
Mar 20,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အထပ်မြင့် အဆောက် အဦးများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများကို ဇာတ်တိုက် လေ့ကျင့်ခြင်း ကို ယမန်နေ့ ညနေ (၃)နာရီ က လေ့ကျင့်ဆောင်ရွက်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ချောင်းဦးမြို့ စည်ပင်သာယာမြို့မဈေးကြီး၌ လက်ဆေးဘေစင်များထားရှိ
Mar 20,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စည်ပင်သာယာမြို့မဈေးကြီး၌ လက်ဆေးဘေစင်များကို ယနေ့ နံနက်(၇)နာရီအချိန်က စတင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထားရှိခဲ့ကြောင်း သိရသည်။
“ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ကာကွယ်ပါ” လက်ကမ်းစာစောင်များ ကွမ်းခြံကုန်း မြို့နယ်တွင် ဖြန့်ဝေ
Mar 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါဖြစ်ပွားမှု မရှိရေးအတွက် ပြည်သူများအား အသိပညာပေး လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုကို ယနေ့နံနက်(၈)နာရီမှစ၍ လူစည်ကားရာ မြို့မဈေးကြီး အတွင်းဆောင်ရွက်ခဲ့သည်။
ပုသိမ်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်
Mar 20,2020
ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ပုသိမ်မြို့ပေါ်ရပ်ကွက်များရှိ (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများ ထောက်ပံငွေပေးအပ်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ(၃)လပတ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့အတွက် ၃ လတစ်ကြိမ် ထောက်ပံငွေကျပ် တစ်သောင်းစီကို ပုသိမ်မြို့နယ်မှ အသက်(၈၅)နှစ်နှင့်အထက်
စာကြည့်တိုက်အသုံးပြုသူများအား COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး တွေ့ဆုံဆွေးနွေး
Mar 20,2020
မိတ္ထီလာခရိုင်အတွင်းရှိ စာကြည့်တိုက်များသို့ လာရောက်အသုံးပြုသူများအား COVID-19 ရောဂါ အသိပညာပေးရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်သာယာရပ်ကွက် ရတနာဦးကျောင်းတိုက်ရှိ လောကရတနာစာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။