သတင်းများ

ပုသိမ် ပြည်သူ့ဆေးရုံကြီးအတွက် အလှူငွေနှင့် အာဟာရဒါနများ လှူဒါန်း
Mar 20,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော ဆေးဝါးနှင့် ကိရိယာများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ယခင် အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း(ပိုးကရင်) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ လူမှုကူညီရေး အဖွဲ့က
သုံးခွမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ တိုင်းရင်းသားပုံပြင်စာအုပ်များ လှူဒါန်း
Mar 20,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အများပြည်သူများနှင့် ကလေးငယ်များအား တိုင်းရင်းသားစာပေများ လေ့လာဖတ်ရှုနိုင်ရန် နှင့် တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကားတတ်မြောက်မှု ရင်းနှီးကျွမ်းဝင်မှု မြင့်မားလာစေရန် မြန်မာ စာပေနှင့် မြန်မာစကားလေ့လာရာတွင် အထောက်အကူပြုစေရန် အတွက် UNICEF မြန်မာမှ တိုင်းရင်းသားဘာသာ ပုံပြင်စာအုပ်များ လာရောက်လှူဒါန်းပေးထားကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရန် လက်ဆေးနိုင်ရေး ဆောင်ရွက်ထားရှိ
Mar 20,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက စတင်၍ စာကြည့်တိုက်သို့ လာရောက်သူတိုင်း လက်ဆေးနိုင်ရန် လက်ဆေးဆပ်ပြာရည်နှင့် ရေများထားရှိဆောင်ရွက်ပေးလျက်ရှိသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုရိုနားဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Mar 20,2020
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်သည်။
စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Mar 20,2020
ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ အများပြည်သူများ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချစွာ စားသောက်သုံးစွဲနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲ အချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာဈေး အတွင်းသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 20,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျေးရွာများတွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်းများ ရွာဆက်လမ်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန် ကျန်ရှိအပိုင်းများကို မြို့နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ညနေ ၃ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
နန်းယွန်း၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာစစ်ဆေး
Mar 20,2020
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး ဌာနဆိုင်ရာများ ပူးပေါင်း၍ နန်းယွန်းမြို့ အဝင်တွင် ဆောင်ရွက်ခဲ့သည်။
Chainsaw နှင့် မီးသတ်ဆေးဘူးများ လှူဒါန်း
Mar 20,2020
အောင်မြေသာစံမြို့နယ် World Vision Myanmar မှ မြို့နယ်အတွင်းရှိ မီးသတ်စခန်းများအတွက် Chainsaw များနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပသည်။