သတင်းများ

ပန်ဝါမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 16,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ လတ်တလောဖြစ်ပွားလျက်ရှိသည့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအား အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအသိပညာပေး လုပ်ငန်းများကို ယမန်နေ့က ကျိုင်းတုံမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့၌ ရေစီးရေလာကောင်းမွန်ရေး အုတ်ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်
Mar 16,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ ပိတောက်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေး(ဝဲ၊ ယာ)များတွင် အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ယခုလ ၅ ရက်နေ့က စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
နန်းယွန်းမြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း
Mar 16,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေဖြင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် လမ်းအထူး(၁၉) အဖွဲ့က မြေပြင် ကွင်းဆင်း တိုင်းထွာလျက်ရှိကြောင်းသိရသည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2020
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် စားသုံးသူများ မိမိတို့အခွင့်အရေးကို သိရှိနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဈေးအတွင်းရှိ ဈေရောင်း/ဈေးဝယ်ပြည်သူများအား မတ်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းက အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
"ပါရမီရှင်" နာရေးကူညီမှုအသင်းမှ အန်းတားကျေးရွာသို့ သောက်သုံးရေများလှူဒါန်း
Mar 16,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အန်းတားကျေးရွာသို့ ကန်သာကျေးရွာက ပရဟိတ ခေါင်းဆောင် ဦးကံထွားနှင့်အဖွဲ့က လှူဒါန်းသော သောက်ရေသန့်ဗူး ၁၀၀ အား ပါရမီရှင် နာရေးကူညီမှု အသင်းမှ ယမန်နေ့ မွန်းလွဲပိုင်းက သောက်သုံးရေပြတ်လပ်နေသော အန်းတားကျေးရွာရှိ နေအိမ်များ ထံသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိသည်။
ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2020
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်တွင် ယမန်နေ့က သဲကုန်းမြို့ ရပ်ကွက်(၁) အတွင်းရှိ နေဝန်းနီ လက်ဖက်ရည်ဆိုင်ပါ လက်ဖက်ရည်ဆိုင်များ၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်း ပိုင်ရှင်များ၊ ဈေးသွားဈေးလာများ၊ ကားဂိတ်၊ ရထားဂိတ်များစသည့် လူစည်ကားရာ နေရာများတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများမှ စားသုံးသူ၏ တာဝန်များ၊ တောင်းဆိုနိုင်သည့် အခွင့်အရေး၊
နမ့်ဆန်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေး
Mar 16,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပလျှက်ရှိသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာမေးပွဲတွင် ဖြေဆိုကြသည့် ကျောင်းသား/သူတို့အား ယနေ့နံနက် (၉)နာရီက ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များတို့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။