သတင်းများ

ပဲခူးတိုင်းဒေသကြီးအတွင်း ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာန(၁၀)ခု တိုးချဲ့
Mar 11,2020
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၁၇၁)ဌာန ဖွင့်လှစ်ထားရှိပြီး အတွင်းဖြေ/အပြင်ဖြေ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၄၉၈၁)ဦး ဖြေဆိုကြောင်း သိရသည်။
သန်လျင်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆို
Mar 11,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း  အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုရာ သန်လျင်မြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက် ရှိကြောင်းသိရသည်။
မအူပင်မြို့နယ်တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Mar 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပသည့် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဝင်ငွေရ ဝဥ၊ ပီလောပီနံ၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်
Mar 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ဖွင့်လှစ်သည့် ဝင်ငွေရစက်မှုကုန်ကြမ်းသီးနှံ ဝဥ၊ ပီလောပီနံနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်မှု နည်းပညာပေး သင်တန်းကို ယနေ့ နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ဖွင့်လှစ်သည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား
Mar 11,2020
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် စိန်ပန်းပြာ (၁၀)လမ်း နေအိမ်တစ်အိမ်၌ ယနေ့နံနက် ၁၀နာရီ ၂၃ မိနစ်တွင် ထမင်းအိုးအပူလွန်ကဲရာမှ သစ်သားခုံသို့ မီးကူးစက်ပြီး သွပ်မိုးဝါးထရံကာ နှစ်ထပ်နေအိမ် နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်အိတ်အလုံး ၃၀၀ လာရောက်လှူဒါန်း
Mar 11,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးတေဇနိယ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးနေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာ၊ ဆရာမများ ၊ ကျောင်း သား/ကျောင်းသူများနှင့် ဝေယျာဝစ္စ ကူညီဆောင်ရွက်ပေးကြသူများ အတွက် စားနပ်ရိက္ခာ ဖူလုံစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ထိုင်ဝမ်နိုင်ငံသား မစ္စတာကော (ပြည့်ပြည့်ဝဝကုမ္ပဏီ)မိသားစုက ဆန်အိတ် အလုံး ၃၀၀ လာရောက် လှူဒါန်းခဲ့ကြောင်း အဆိုပါ ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမကြီး ဒေါ်ခိုင်အေး ထံမှ သိရသည်။
စေတုတ္တရာမြို့နယ် မွန်ဇော်ဘက်စုံစံပြကျေးရွာတွင် ဆောင်းသီးနှံကုလားပဲစံကွက်ရိတ်သိမ်း
Mar 11,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ စိုက်ပျိုးထားသော စေတုတ္တရာမြို့ မွန်ဇော်ဘက်စုံစံပြကျေးရွာတွင် ဆောင်းသီးနှံကုလားပဲစံကွက်စိုက်ခင်းရိတ်သိမ်းခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ
Mar 11,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၌ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဟိုနောင်ကျောင်း စာစစ်ဌာနတို့တွင် စာမေးပွဲအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။