ကာလိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။