အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း ဆင်းပွဲ ကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် လမိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဆင်းရဲမှုလျှော့ချရေး၊ မိသားစု တစ်ပိုင် တစ်နိုင် စီးပွားရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။