သတင်းများ

ကျေးရွာ(၁၇)ရွာသို့ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Feb 29,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေ သိန်း(၁၀၀)ကျပ် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်း​စောဝေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆုချီးမြှင့်ပွဲကျင်းပ
Feb 29,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရမည်းသင်းခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည်။
ကျောက်ပန်းတောင်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Feb 29,2020
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၅၄၃)ဦးတို့အတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ စကားဝါခန်းမတွင် ကျင်းပရာ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ လက်သို့ပေးအပ်လိုက်သည့် ငွေများသည် အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အမျိုးသားလူမှုရေး ပင်စင်ငွေများ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နေ့/ညမဆိုင်ပဲ မိမိတို့ကျေးရွာများသို့ ပြန်ရောက်လျှင်ရောက်ချင်း တစ်ဦးချင်းထံသို့ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြစေလိုကြောင်းနှင့် မိမိတို့ကိုယ်တိုင်လည်း ရပ်ကွက်များရှိ သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပေးအပ်ကြမှာ ဖြစ်ပါကြောင်း၊ ငွေကြေးပျောက်ရှခြင်း အစရှိသည့် မည်သည့်ကိစ္စမျှ မဖြစ်ပေါ်ကြစေရန် သတိပြု ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ကသာမြို့နယ်၌ လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချသူများအား အခွန်ဆိုင်ရာအသိပေးရှင်းလင်း
Feb 28,2020
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကသာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြုလုပ်သည့် ကသာမြို့နယ်အတွင်းရှိ လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချသူများအား ဟန်းဆက်ဗူးခွံများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချ စေရေးအတွက် အခွန်ဆိုင်ရာအသိပေး ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကသာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ဒီးမော့ဆိုတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ
Feb 28,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ဖွင့်လှစ်သော အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်မီးသတ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ဗဟန်း) သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း တံဆိပ်ပါ (ဆေးသေတ္တာအိတ်) လာရောက်လှူဒါန်း
Feb 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre သို့ ယနေ့ မွန်းလွဲ ၂ နာရီက ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်စိုးစိုးခိုင် ဦးဆောင်သော အမှုဆောင်အဖွဲ့သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းတံဆိပ်ပါ ဆေးသေတ္တာအိတ်အား လာရောက်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဖြိုးလင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မန္တလေး-မြစ်ကြီးနား Air Con လေအိတ်ရထား မတ် ၂ ရက်တွင် စတင်ပြေးဆွဲမည်
Feb 28,2020
မီးရထားဖြင့် ခရီးသွားလာကြမည့် ခရီးသွားပြည်သူမိဘများ သွားလာရေး အဆင်ပြေ လွယ်ကူစေရန်အတွက် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသည့် Air Con လေအိတ်ရထားကို အဆိုင်းနှစ်ဆိုင်းဖြင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် အမှတ်(၃၁)အဆန်၊ အမှတ်(၃၂) အစုန်ရထား မတ် ၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Feb 28,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Book Club Woman Club Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါပြန်ဆက်ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ဒေါက်တာနေဇင်လတ် ရေးသားသည့် ’’ပညာခေတ်ဖြင့် မြင့်မားသောစံချိန်’’ စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။