သတင်းများ

ကလောမြို့နယ်၌ ပလပ်စတစ်အမှိုက်လျှော့ချရေး အသိပညာပေးသင်တန်းပေး
Feb 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် One State One Township Project ပလပ်စတစ်အမှိုက်လျှော့ချရေး အသိပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဌာနပေါင်းစုံ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး စနေနေ့တိုင်း ဆောင်ရွက်
Feb 29,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရန်အတွက်၊ ဌာဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၆ နာရီက ဆောင်ရွက်ရာ မြို့သစ်​မြို့ စီမံကိန်းရုံးရှေ့ တောင်တွင်းကြီး မြို့သစ်ကားလမ်းတစ်လျှောက်ရှိ ခြုံနွယ်များနှင့် အမှိုက်များကို ဝန်ထမ်းအင်အား (၁၅၀)ဦးခန့်ဖြင့် စုပေါင်းကောက်ယူ သိမ်းဆည်းကြပြီး စည်ပင်သာယာရေး အဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် သတ်မှတ်နေရာသို့ အရောက်ပို့ဆောင် ခဲ့ကြသည်။
တိုက်ကြီးမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုနှင့် တောဆင်ရိုင်းဖျက်စီးမှုကြောင့် နေအိမ်ပျက်စီးသူများအား ထောက်ပံ့ငွေများပေးအပ်
Feb 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပိုးရယ်အောင်မြတ်နှင့် အဖွဲ့တို့က (၁၉.၂.၂၀၂၀) ရက်နေ့တွင် မီးလောင်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၁)၊ အိမ်ထောင်စု(၄)စု ကျား(၁၂)ဦး မ(၇)ဦးတို့အတွက်
မိုင်းယောင်းမြို့နယ်တွင် တောင်သူများအား GAP အသိအမှတ်ပြု လက်မှတ်များပေးအပ်
Feb 29,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသည် ရာသီသီးနှံနှင့် နှစ်ရှည်သီးနှံ စိုက်ပျိုးသော တောင်သူများအား GAP အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားသင်တန်းဖွင့်လှစ်
Feb 29,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားပို့ချမှု သင်တန်းအား ယမန်နေ့ နေ့လယ်(၁)နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၀) သင်တန်းဆင်းပွဲ ကျင်းပ
Feb 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ် ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်မီးသတ် ဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲ တွံတေး၌ ကျင်းပ
Feb 29,2020
ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ် လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ် ၁/၂၀၂၀ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက အဆိုပါ မီးသတ်စခန်း၌ ကျင်းပခဲ့သည်။
မြင်းခြံမြို့နယ်တွင် မြေလတ်အိမ်ရာစီမံကိန်း ပထမဦးဆုံးစတင် အကောင်အထည်ဖော်ဆောင်ရွက်
Feb 29,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် မြင်းခြံမြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ဝင်းနုဝင်း ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် မြေလတ်အိမ်ရာစီမံကိန်းကို ပထမဦးဆုံးစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။