သတင်းများ

ချောင်းဦးမြို့တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူမှုရေးရာ အသိပညာပေး သင်တန်းဖွင့်ပွဲကျင်းပ
Feb 28,2020
ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူမှုရေးရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ပုလဲမြို့၌ မုန့်မျိုးစုံပြုလုပ်နည်းနှင့်ပန်းအလှဆင်သင်တန်းဖွင့်ပွဲကျင်းပ
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးကော်မတီတို့ ပူးပေါင်း၍ မုန့်မျိုးစုံ ပြုလုပ်နည်းနှင့် ပန်းအလှဆင်သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ဗဟန်း) တွင် ကိုရိုနာဗိုင်းရပ်စ်Coronavirus Disease 2019 (COVID-19) ဟောပြောပွဲကျင်းပ
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)တွင် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019(COVID-19) ဟောပြောပွဲကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပရာ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်မှုရှိကြောင်း၊ ထိုရောဂါပိုးသည် ကမ္ဘာ့နိုင်ငံတော်တော်များများကို ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၇.၂.၂၀၂၀)ရက်နေ့ ထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားနေသည့် နိုင်ငံပေါင်း (၃၈)နိုင်ငံရှိပြီး လူနာ၊ (၈၁၁၀၉)ဦးနဲ့ သေဆုံးသူ(၂၇၆၀)ဦးထိရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါစောင့်ကြည့်လူနာ(၄၀)ဦးနှင့် သံသယလူနာ(၂)ဦး ရှိကြောင်း ပြောကြားခဲ့သည်။
ဓနုဖြူမြို့၌ အခမဲ့ မျက်စိခွဲစိတ်ကုသပေး
Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့အာယုဒါန ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စတင်၍ ဓနုဖြူမြို့၊ အမှတ်(၇) ရပ်ကွက်၊ ဈေးပိုင်းဓမ္မာရုံ၌ စမ်းသပ်စစ်ဆေးပေးခဲ့သည်။
မန္တလေးမြို့တွင် စခန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း ၁/၂၀၂၀ ဖွင့်ပွဲ ကျင်းပ
Feb 28,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေး ပြန်လည် ထူထောင်ရေးစခန်းမှ ကြီးမှူးဖွင့်လှစ်သော စခန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်း ၁/၂၀၂၀ ဖွင့်ပွဲကို မန္တလေးမြို့၊ ၇၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂ လမ်းကြားရှိ မန္တလေး ပြန်လည်ထူထောင်ရေးစခန်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ် သည်။
မြိတ်မြို့တွင် မီးဘေးအန္တရာယ်တားဆီးရေးအတွက် သမိုင်းဝင်ကန်တော် မင်္ဂလာရေကန်မှ ရေပိုက်သွယ်တန်းကာ မီးငြှိမ်းသတ် ရေပိုက်ငုတ်များ တိုးချဲ့တပ်ဆင်မည်
Feb 28,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ကန်တော်မင်္ဂလာရေကန်မှ မီးဘေး အန္တရာယ်တားဆီးကာကွယ်ရေးအတွက် ရေကန်အနီးရှိ ရေဂါလံ(၆၀၀၀)ဆန့်ရေစင်မှ နောက်လယ်ရပ်ကွက် အောင်ချမ်းသာဓမ္မာရုံ ရေကန်အထိ ရေပိုက်သွယ်တန်းကာ မီးငြှိမ်းသတ် ရေပိုက်ငုတ်များကို စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်၍ တိုးချဲ့တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်မည်
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မျိုးဆက်သစ် အားကစား လူငယ်မောင်မယ်များ ပေါ်ထွန်းလာ စေရန် ရည်ရွယ်၍ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၀)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Feb 28,2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား ရုံးလုပ်ငန်းအရည်အသွေး၊ စီမံခန့်ခွဲမှုအရည်အသွေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရည်အသွေးများ တိုးတက်မြင့်မားလာပြီး ဝန်ကြီးဌာန၏ရည်မှန်းချက်၊ ဦးစီးဌာန၏လုပ်ငန်းလျာထားချက်များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) သင်တန်းကျောင်း၌ ကျင်းပသည်။