သတင်းများ

ရှင်ဗွေယန်မြို့ ပြည်သူ့စာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်း
Aug 13,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် လာရောက် စာပေဖတ်ရှု လေ့လာနေသည့် စာဖတ်ပရိတ်သတ်များ စာပေဗဟုသုတများ ပိုမိုတိုးပွားလာစေရေးအတွက် ရှင်ဗွေယန်မြို့ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ သုတ/ ရသ စာအုပ်များ လာရောက် လှူဒါန်းခဲ့သည်။
တနိုင်းမြို့၌ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများသုံးစွဲမှု အထောက်အကူပြုသင်တန်း (RHCLS) သင်တန်း ဆင်းပွဲကျင်းပ
Aug 13,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများ သုံးစွဲမှု အထောက်အကူပြု သင်တန်း (RHCLS)သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၅ နာရီက မြို့နယ်ကုသရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်စေရန် ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ရေမြောင်းအတွင်း အမှိုက်များ
ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွးခြင်းလုပ်ငန်းများကို သာကေတမြို့နယ်တွင် ကွင်းဆင်း ဆောင်ရွက်
Aug 13,2020
ကလေးငယ်များ ပုံမှန်မကြီးထွားနိုင်ခြင်း၊ မကြာခဏဖျားနာတတ်ခြင်း၊ ရောဂါဖြစ်လျှင် ပြင်းထန် ပြီးအသက်အန္တရာယ်ကြုံတွေ့နိုင်ခြင်း၊ ကြက်မျက်သင့်ရောဂါဖြစ်တတ်ခြင်း၊
တောင်ဥက္ကလာပမြို့နယ်တွင် လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ကွင်းဆင်းစစ်ဆေး
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားဖွယ်စုံ ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးကို ယနေ့ နံနက်(၁၀)နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ (CERP) စီမံချက်အရ ၀က်မွေးမြူရေးသင်တန်း ဖွင့်လှစ်
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော (CERP) စီမံချက်အရ ၀က်မွေးမြူရေးသင်တန်းကို ယနေ့ နံနက် (၁၀) နာရီက အဆိုပါရုံးခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရေး ဆွေးနွေးပွဲ ပြုလုပ်
Aug 13,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စေ့စပ်ညှိနှိုင်းဖြေရှင်းပေးရန်အတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။
စိုက်ပျိုးရေး ဦးစီးဌာနမှ ပခန်းရွှေဝါသက်လျှင်အထွက်ကောင်း မျိုးစပါးများအား မျိုးစေ့ချကိရိယာဖြင့် လာရောက် စိုက်ပျိုးပေး
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် ၈ နာရီက သက်လျှင် အထွက်ကောင်း ပခန်းရွှေဝါ မျိုးကောင်းမျိုးသန့် စပါးများအား ရွှေသောင်ယံမြို့ စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှုး ဦးဇော်မြင့်နှင့် ဝန်ထမ်းများမှ မျိုးစေ့ချကရိယာဖြင့် လယ်ယာစိုက်ခင်းများတွင် လာရောက် သရုပ်ပြ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။