သတင်းများ

ကျိုက်ဒုံမြို့တွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 14,2020
ကျိုက်ဒုံ မတ် ၁၄ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၈ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦး၊ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဆုဝေနှင့် အဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များက (၂၀၂၀)ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် ရပ်ဝေးရပ်နီးမှလာရောက်၍ တည်းခိုနေကြသော ကျိုက်ဒုံမြို့ တိဿာရာမ စာသင်တိုက်တောင်ပေါ်ကျောင်း၊ ဇေတိကရုံ ဘုန်းကြီးကျောင်း၊ ကျိုက်မဂ္ဂီ ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံများတွင် သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာ ဗိုင်းရပ်စ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။ ဟောပြောပွဲတွင် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ အမှာစကားပြောကြားပြီး တိုက်နယ် ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးမှ ကျောင်းသား ကျောင်းသူများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ(2019-nCoV)နှင့် ပတ်သက်၍ သိကောင်းစရာများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများ၊ မိမိကိုယ်မိမိ သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်၍ ကုသမှုခံယူကြရန်၊ လူစုလူဝေးနေရာများ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်စသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး သည်။ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းများနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများ၊ တာဝန်ရှိသူများက လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက် သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ အဆိုပါအဖွဲ့များသည် ကျိုက်ဒုံမြို့ စည်ပင်ဦးစီးမှူးနှင့်ပူးပေါင်း၍ မြို့မဈေး၌ ဈေးရောင်း ဈေးဝယ်နေကြသည့် ပြည်သူများအား အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ သန်းထွန်းနိုင်(ပြန်/ဆက်)
အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 14,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက် မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
မြစ်ကြီးနားမြို့နယ်အား သန့်ရှင်းသပ်ရပ်သာယာလှပသော မြို့ပြစနစ်ထူထောင်ရေး (One State One Township) အကောင်အထည်ဖော်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Mar 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အား သန့်ရှင်းသပ်ရပ်သပ်ရပ်သာယာ လှပသော မြို့ပြစနစ် ထူထောင်ရေး (One state One Township) အကောင်အထည်ဖော်ရေးအတွက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီခွဲတွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက် မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့တွင် အများပြည်သူသုံးဆိုလာမီးလင်းရေးလုပ်ငန်း ကျေးရွာလေးရွာတွင် ဆောင်ရွက်ပြီးစီး
Mar 14,2020
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ကျေးလက်ဒေသ မီးစလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာလေးရွာတွင် အများပြည်သူသုံး ဆိုလာမီးလင်းရေးလုပ်ငန်းများကို ဇန်နဝါရီလက ရာနှုန်းပြည့်တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။
မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Mar 14,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ဝင်ပေါက်/ထွက်ပေါက်ဖြစ်သည့် မယ်စဲ့ဘီပီ(၁၃)ဂိတ်နှင့် ဘီပီ(၁၄)နယ်စပ်ဂိတ်တို့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်၊ ကပ္ပလိပ်ကျေးရွာရှိ ထန်းကုလားထိုင် ထုတ်လုပ်ရောင်းချသူများ လုပ်ငန်းအဆင်ပြေလျက်ရှိ
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကပ္ပလိပ်ကျေးရွာတွင် မုံရွာမြို့နယ်ဘက်မှ လာရောက် လုပ်ကိုင်နေသော ထန်းကုလားထိုင် ထုတ်လုပ်ရောင်းချသူများ အရောင်းအဝယ် အဆင်ပြေကြောင်း သိရသည်။