သတင်းများ

ကျုံပျော်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေး
Dec 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများအား မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ နေ့ချင်းပြီးဆောင်ရွက်ပေးမှုကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ဒီဇင်ဘာ ၁၄ ရက်နေ့က ဆောင်ရွက်ပေးခဲ့သည်။
မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံစိုက်ဧက ၈၉၀ စိုက်ပျိုးသွားမည်  
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၈၉၀  စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဒီဇင်ဘာလအားကစားလတွင် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ
Dec 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ဒီဇင်ဘာလအားကစားလတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံခိုင်စေရန်ရည်ရွယ်၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ(၁၄)ရက်နေ့ကစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အတွင်း မဲရုံပြုလုပ်မည့် နေရာများ၌ မီးဘေးလုံခြုံရေး စစ်ဆေး
Dec 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံအဖြစ်ဆောင်ရွက်မည့် နေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးသန့်ဇင်ဦး ဦးဆောင်၍ ယနေ့နံပိုင်းက ဟံမြင့်မိုရ် ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့  ကွင်းဆင်းစစ်ဆေးသည်။
မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲကျင်းပ
Dec 17,2025
မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသမီး၊အမျိုးသား ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီခွဲက အဆိုပါတက္ကသိုလ်အားကစားခန်းမတွင် ကျင်းပသည်။
ဘုတ်ပြင်းမြို့၌ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ စစ်တမ်းကောက်ယူ 
Dec 17,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်  ဘုတ်ပြင်းမြို့၌ ခရိုင်/မြို့နယ်များ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ စိုက်ပျိုရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာ  ၁၆ ရက်တွင် ကျေးရွာများရှိ တောင်သူများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ပြိုင်ပွဲ ကျင်းပ
Dec 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် မြန်မာစာစွမ်းရည်တိုးတက်စေရန်ရည်ရွယ်၍ မြန်မာစာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Dec 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။