သတင်းများ

မြိတ်မြို့တွင်  သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 16,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ (မြို့နယ်အဆင့်) အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
မြောင်းမြမြို့တွင် မဲရုံများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Dec 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မဲရုံများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘုရားချောင်းကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တမူးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
Dec 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဒီဇင်ဘာ ၂၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အထွေ‌‌ထွေအုပ်ချုပ်ရေးရုံးဝန်းရှိအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညပိုင်းအချိန်က ကျင်းပခဲ့‌ကြောင်း သိရသည်။
နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 16,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း Book Club တို့ပူး ပေါင်း၍စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Dec 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
ဘားအံမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ၊ လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 16,2025
ကရင်ပြည်နယ် ဘားအံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၌ ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Dec 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်( ၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။