သတင်းများ

ရွှေတောင်မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဌာန၏လုပ်ငန်းများ အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ဌာန၏လုပ်ငန်းများ အောင်မြင်စွာအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ကျင်းပခဲ့သည်။
အောင်လံမြို့၌ ကောက်ရိုးထုံးစက်(Round Baler)နှင့် ရိုးဖြတ်ရိတ်စက်(Rotary Mulcher) အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်း သရုပ်ပြဆောင်ရွက်
Dec 16,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာရှိ တောင်သူ ဦးကျော်စွာဝင်း ဦးပိုင်အမှတ်(၁၉) ကွင်းအမှတ်(၈၇/၈၂) လယ်မြေ ၃ ဧကတွင် ယမန်နေ့က အောင်လံမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနက ကောက်ရိုးထုံးစက်(Round Baler) နှင့် ရိုးဖြတ်ရိတ်စက်(Rotary Mulcher)များ အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်းများ သရုပ်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများအား စက်ကိရိယာနှင့်ဝန်ဆောင်မှုများ ပေးအပ်
Dec 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူများ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများ ရိတ်သိမ်းလွန် လေလွင့်မှုမရှိစေရေး၊ အချိန်မီစက်ပျိုးနိုင်ရေး စက်ကိရိယာများနှင့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ ထွန်းယက်ခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Dec 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အားကစားကွင်းအတွင်း၌ ယမန်နေ့ နံနက်ပိုင်းက အားကစားလှုပ်ရှားမှုအဖြစ် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရန် တိုက်ဆိုင်စိစစ်
Dec 16,2025
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင် မဲစာရင်းများမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စိစစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
ကျောက်ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲကာလ မီးလောင်မှုမဖြစ်ပွားစေရန် အသိပေးနှိုးဆော်
Dec 16,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွင်း ရပ်ကွက်/ကျေးရွာများ၌ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရန်အတွက်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မဲရုံအဆောက်အဦနှင့် အနီးဝန်းကျင်နေရာများ မီးဘေးလုံခြုံရေး စစ်ဆေးပညာပေးခြင်းနှင့် လမ်းမကြီးများအလိုက် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်အတွင်း တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံ အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို အခြေခံပညာမူလတန်းကျောင်း နောင်ယာဆိုင်းတွင် ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။