သတင်းများ

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Dec 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ရွာသစ်ကုန်းကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ရေဆင်းသုခ စပါးများ စတင်ရိတ်သိမ်း
Dec 16,2025
မိုးတွင်းကာလရွာသွန်းခဲ့သော မိုးရေချိန်များကြောင့် ဆည်ရေသောက်ကန်၊ ပုဂ္ဂလိကကန်များအတွင်း ရေဝင်ရောက်မှု များပြားကာ မိုးသီးနှံဖြစ်သည့် ရေဆင်းသုခစပါးများကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် နတ်နန်း ကျေးရွာကွင်းအမှတ် (၁၄၇၅) နှင့် (၁၄၂၀/ခ) တို့၌ စိုက်ပျိုးခဲ့ရာ ရေဆင်းသုခစပါးများအား စတင်ရိတ်သိမ်းလျက်ရှိကြောင်း တောင်သူ ဦးမောင်စိုးထံမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Dec 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဖူဆယ်ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြှင့်မားစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဌာနပေါင်းစုံ ဖူ‌ဆယ်ဘောလုံးပြိုင်ပွဲကို ရွှေကျွန်းမြေမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်လံမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 16,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံ အသိပညာပေးနှိုးဆော်
Dec 16,2025
ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် သတိပြု လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းကို  ယမန်နေ့ ညနေပိုင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ မြို့ပေါ်ရပ်ကွက်အတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုဆော်ဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Dec 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Dec 16,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ အထက်ရေပူကျေးရွာရှိ ခရစ်ယာန်ဘာသာရေး စာသင်ကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်၊ မီးသတ်ဆေးဘူးအသုံးပြုမှု လက်တွေ့သရုပ်ပြခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၂) နာရီက လှိုင်းဘွဲမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေး
Dec 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။