သတင်းများ

(၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် သစ်ပင်စိုက်ပျိုးပွဲနှင့် သမဝါယမခြံထွက်ကြက်ဥလှူဒါန်းပွဲကျင်းပ
Dec 16,2025
မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာလ ၁၃ ရက်နေ့က မကွေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနရှိ ဝန်ထမ်းနှင့်မိဘမဲ့ကလေးများအား သမဝါယမအသင်းစုချုပ်ခြံထွက်ကြက်ဥ (၂၅၅) လုံးနှင့် ကလေးအသုံးအဆောင်ပစ္စည်းများအား လည်းကောင်း၊ မကွေးမြို့ အောင်မေတ္တာ(က)ရပ်ကွက်နေ အိမ်ထောင်စု(၆၀)စု၏ မိသားစုဝင်များအား တစ်ဦးလျှင် ကြက်ဥ (၁၀) လုံးနှုန်းဖြင့် အလုံး(၆၀၀)အား ပေးအပ်လှူဒါန်းခဲ့သည်။
မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သံဃာတော်၊ သီလရှင် (၁၄၇၀)ပါးအား မူဆယ်မြို့နယ်လုံးကျွတ် (စတုတ္ထအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Dec 16,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြို့နယ်လုံးကျွတ် (စတုတ္ထအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ဝင်မီးပွိုင့်လမ်းဆုံမှ သိန်းသန်းချီ အဝေးပြေးကားကွင်းသွား လမ်းမကြီးတလျှောက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ငှက်ပျောပင်စိုက်ခင်းများ အောင်မြင်စွာဖြစ်ထွန်း
Dec 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပျားထိုးကျွန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိသော ငှက်ပျောပင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးစပါး ၃၆၇၉၄ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် စပါး ၉၂ ဒသမ ၇၁ တင်းနှုန်းထွက်ရှိ
Dec 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၆၇၉၄ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ စပါးအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် စပါး ၉၂ ဒသမ ၇၁ တင်းနှုန်းထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ (၁၂၁)​​နှစ်မြောက် မြန်မာ့သမဝါယမစတင်ခြင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းခင်းလုပ်အားပေးပြုလုပ်
Dec 16,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ကျရောက်မည့် (၁၂၁)နှစ်မြောက် မြန်မာ့သမဝါယမစတင်ခြင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက လေးကြီးကျေးရွာ၌ စုပေါင်းလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 16,2025
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကျန်းမာရေး အသိပညာ‌ပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်ရှိ ညောင်ကိုင်းကျေးရွာနှင့် သနပ်ပင်စုကျေးရွာတို့၌ မီးလင်းရေးဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်
Dec 16,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ညောင်ကိုင်းကျေးရွာနှင့် သနပ်ပင်စုကျေးရွာတို့၌ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာနှစ်ရွာ၌ ကျင်းပပြုလုပ်ဆောင်ရွက်သည်။
သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ဒီဇင်ဘာလ) အခန်းဆုံးစစ်ဆေးခြင်း စာမေးပွဲများ စတင်ဖြေဆို
Dec 16,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ဒီဇင်ဘာလ)အခန်းဆုံးစာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စစ်ဆေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။