သတင်းများ

စဉ့်ကိုင်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်‌ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ရေးလုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေး
Jun 05,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်‌ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ဇွန် ၅ ရက် နံနက် ၉ နာရီခွဲက မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Jun 05,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အောင်မြတ်ခန်းမတွင် ကျင်းပသည်။
‎မဟာအောင်မြေမြို့နယ်၌ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများရရှိရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်
Jun 05,2026
‎မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လေးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပွင့်ဦးအိမ်တို့ ပူးပေါင်း၍ ရက် ၁၀၀ ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ တမာကုန်းဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ပြည်သူများအတွက် ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲအခမ်းအနား ကျင်းပ
Jun 05,2026
သီးသန့်မီးသတ်တပ်ဖွဲ့များ စနစ်တကျဖွဲ့စည်းရန်နှင့် မီးလောင်မှုများဖြစ်ပွားပါက ကနဦးလက်ဦးမှုရယူ၍ မီးငြှိမ်းသတ်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ဇွန်လ (၅) ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ ခရိုင်မီးသတ်ဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပ
Jun 05,2026
၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ရွှေအင်ကြင်း)၌ ကျင်းပရာ အခမ်းအနားသို့ လယ်ဝေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာလှိုင်နှင့်တာဝန်ရှိသူများ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းခန့်နှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
ကျောက်ဆည်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jun 05,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်(၉)နာရီက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရေး တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ
Jun 05,2026
တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် သစ်ပင်စိုက်ပွဲ ကျင်းပ
Jun 05,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် သစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈နာရီအချိန်က ကျင်းပပြုလုပ်သည်။