Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ချောက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Dec 16,2025
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့် MEVMစက်ကိုင်တွယ်မည့်သူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များအား တပ်ဆင်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အား သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံဘောင်တံတားတစ်စင်း တပ်ဆင်
Dec 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပစဉ်ကာလ အောက်စက်တော်ရာ(ခြေတော်ရာ)အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသူများ လွယ်လင့်တကူ အဆင်ပြေစွာ သွားရောက်ဖူးမြော်နိုင်စေရန် ယာယီဘေလီသံဘောင်တံတားတစ်စင်းကို ဒီဇင်ဘာ ၁၄ ရက်မှ စတင်ပြီး တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Dec 16,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)မှ တာဝန်ယူဆောင်ရွက်ခဲ့သော မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါလမ်းမပေါ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 16,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူမှုဖူလုံရေးထောက်ပံ့ငွေနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်
Dec 16,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ လူမှုဖူလုံရေးထောက်ပံ့ငွေနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်တွင် ဆောင်းဆီထွက်သီးနှံ ရုရှားနေကြာမျိုးစေ့ချ စိုက်ပျိုး
Dec 16,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံခြံတွင် ဆောင်းဆီထွက်သီးနှံဖြစ်သည့် ရှရုားနေကြာ မျိုးစေ့ချစိုက်ပျိုးခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေး
Dec 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းဖြင့် စာရေးဆရာ ဗမိုး ရေးသားထားသော “သင့်မောင်မြင်မှုအတွက် သင်ကိုယ်တိုင်စွမ်းဆောင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် နွေစပါးစိုက်တောင်သူများအား မျိုးစပါး၊ အစေ့ချကိရိယာများ ပေးအပ်၊ အခြေခံပညာကျောင်းများ ပြုပြင်မွမ်းမံနေမှု ကြည့်ရှုစစ်ဆေး
Dec 15,2025
ကယားပြည်နယ်အစိုးရအဖွဲ့က နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါး၊ အစေ့ချကိရိယာ(Drum Seeder) ပေးအပ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ဟင်းသီးဟင်းရွက် စံပြစိုက်ခင်း ရှင်းလင်းဆောင်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
72
Page
73
Page
74
Page
75
Current page
76
Page
77
Page
78
Page
79
Page
80
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department