သတင်းများ

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနား မြိတ်တက္ကသိုလ်တွင် ကျင်းပ
Jun 05,2026
“ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်း အနားကို နေရာဒေသအသီးသီးတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယနေ့နံနက်(၉)နာရီခွဲက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ကျင်းပသည်။
ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်
Jun 05,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့တို့ ပူးပေါင်း၍ ဇွန်လ  ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသည့် ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ မြို့မစျေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဆင်းပွဲကျင်းပ
Jun 05,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့မစျေးမီးဘေးအန္တရာယ်လုံခြုံရေးအတွက် မြို့မဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရေးပညာရပ်များ လေ့ကျင့်သင် ကြားခြင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြား
Jun 05,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် အခြေခံပညာကျောင်းများကို ‌ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများ ကျင်းပ
Jun 05,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိဒေါ်သီတာအောင်ဦး‌ဆောင်၍ ဝန်ထမ်းများက ဘူတာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားပြီးလိမ္မာ ယဉ်ကျေးစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကို အဆိုပါကျောင်းတွင် ဇွန် ၅ ရက်  နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Jun 05,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအား ယမန်နေ့နံနက်(၈)နာရီကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Jun 05,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သဲဖြူကုန်းကျေးရွာအုပ်စု၊ သဲဖြူကုန်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ သဲဖြူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်ဇော်နှင့် ကျေးရွာသူ၊ ‌ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
ဘုတ်ပြင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 05,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ  ပုလဲရွှေရည်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။