Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပခုက္ကူတက္ကသိုလ်၌ စုပေါင်းမဟာဘုံကထိန်အောင်ပွဲ ကျင်းပ
Dec 12,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဗုဒ္ဓဘာသာအသင်းက ကြီးမှူးကျင်းပသော စုပေါင်းမဟာဘုံကထိန်းအောင်ပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Dec 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား အသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ အ-မ-က (၁၁) အလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌သင်္ဘော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Dec 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်နေတောင်သူများသည် မြေအောက်ရေနှင့် ကင်းတားဆည်ရေကိုအသုံးပြုကာ မိသားစုတစ်နိုင်တစ်ပိုင် သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ် ရွှေထွန်းကုမ္ပဏီ၌ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ
Dec 12,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်း၊ ၁၃၀ × ၁၃၁ လမ်း၊ ရွှေထွန်းကုမ္ပဏီ၌ ဒီဇင်ဘာ ၁၂ နံနက် ၁၁ နာရီက အလုပ်သမားဝန်ကြီးဌာန၊ လူမှူဖူလုံရေး အဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Dec 12,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ဈေးများတွင် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် ဇလွန်မြို့မစျေးသစ်တွင် လက်တွေ့မီးငြှိမ်း သတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မဲစာရင်းများမှန်ကန်စေရေး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး door to door စစ်ဆေး အသိပညာပေးလက်ကမ်းစာစောင…
Dec 12,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်၁၈နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး Door To Door စစ်ဆေးခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ ‘ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရန်အတွက် လှုံ့ဆော်မှု အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20
Page
21
Page
22
Page
23
Current page
24
Page
25
Page
26
Page
27
Page
28
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department