အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ယာဥ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
Jun 08,2026
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
Jun 08,2026
တနင်္သာရီတိုင်းဒေသကြီး  ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင်  လမင်းစီမံချက်ဖြင့် ကျောင်းသား ကျောင်းသူ များအားနိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇွန် ၈ ရက်က အထက(ဘုတ်ပြင်း)ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။
Jun 08,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိတောင်သူများ ယခုနှစ် မိုးစပါးစိုက်ပျိုး ရာသီအတွက်အချိန်မီစိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများက မိမိတို့၏ လယ်ယာမြေများအားထယ်ရေးညက် အောင်ထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများ ကြိုတင်ပြင် ဆင်ဆောင်ရွက်လုပ်ကိုင်နေကြကြောင်း မြစ်သားမြို့နယ် ငါးဆူကျေးရွာမှ မိုးစပါးစိုက်ပျိုးတောင်သူများထံမှ သိရသည်။
Jun 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်းက သခင်ဘသောင်းရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည်။
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကုန်းတလုံးကျေးရွာ အောင်မင်္ဂလာ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် ဇီဝသဘာဝမြေဩဇာဖြန့် ဖြူးရောင်းချရေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်က ကုန်းတလုံးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Jun 08,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသော ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ ယနေ့နံနက်က သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း သိရသည်။