အမြို့မြို့အနယ်နယ်သတင်းများ

Mar 23,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲကို မတ်လ  ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျွန်းစုမြို့၊ အမှတ် ၁ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
Mar 23,2026
နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများ အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်း အနားကို မတ်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
Mar 23,2026
 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲက သရက်အရည်အသွေး ပြည့်မီပြီး ဈေးကွက်ဝင် သရက်သီးများရရှိရေးအတွက် ပိုးမွှားရောဂါကာကွယ်ခြင်းနည်းစနစ်များ လက်တွေ့ကွင်းသရုပ်ပြပွဲအခမ်းအနားကို မတ် ၂၂ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြနဒီဥယျာဉ်ခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် မြို့နယ်တွင်းရှိ ဈေးများ၊ လူနေရပ်ကွက်များသို့ သွားရောက်၍ ပြည်သူများအား (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
Mar 23,2026
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိ ဗိမာန်(နှစ်ထပ်စာဖြေဆောင်)၌  ဖြေဆိုကြသည်။
Mar 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင်ထုတ်ပေးလျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။
Mar 23,2026
၁၃၈၇ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ (ပါရာဇိကဘာသာရပ်) ဖြေဆိုခြင်းကို မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီက  ရှမ်းပြည်နယ် ညောင်ရွှေမြို့၊ ရွှေရတု ဆွမ်းစားကျောင်းဆောင်၌ ကျင်းပကြောင်း သိရသည်။
Mar 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က စစ်ဆေးဆောင်ရွက်ခဲ့သည်။