Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သင်္ဃန်းကျွန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ကျင်းပလျက်ရှိ
Apr 15,2025
မြန်မာသက္ကရာဇ် နှစ်တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းသည့်အချိန်ကာလတွင် ကျင်းပသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နှစ်စဉ်ကျင်းပခဲ့ပြီး ယခု ၂၀၂၅-ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ ကျရောက်သည့် ၁၃၈၆-၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကိုလည်း ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်၌ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပလျက်ရှိပြီး ပြည်သူများပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲနှင့် စတုဒီသာမဏ္ဍပ်ဖွင့်ပွဲ သုံးခွမြို့၌ကျင်းပ
Apr 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲနှင့် စတုဒီသာမဏ္ဍပ်ဖွင့်ပွဲကို ဧပြီ(၁၃)ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းစွာ ကျင်းပလျက်ရှိ
Apr 15,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၆-၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းစွာကျင်းပလျက်ရှိရာ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့် ဆေးကြောခြင်းနှင့် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ရန်ရည်ရွယ်ချက်များဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ အမှတ်(၂)ရပ်ကွက် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးရှေ့ စတုဒိသာမဏ္ဍပ်၌ ယမန်နေ့ မဟာသင်္ကြန်အကျနေ့ နံနက် ၈ နာရီက စတုဒိသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးခြင်းကိုဆောင်ရွက်ခဲ့ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန် အေးချမ်းသာယာသည့်သင်္ကြန်အဖြစ် ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ မဟာသင်္ကြန်အကျနေ့ ကောင်းမှု ကုသိုလ်ပြုသူများနှင့် စည်ကားလျက်ရှိ
Apr 15,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မဟာသင်္ကြန်ပွဲတော်အကျနေ့ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်၌ ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက်ရေဆော့ကစား၍ စတုဒိသာများ ကျွေးမွေးလှူဒါန်း
Apr 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဧပြီ (၁၃)ရက်နေ့ ညနေပိုင်း၌ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ရေဆော့ကစားကာ စတုဒိသာကျွေးမွေးလှူဒါန်းကြသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာအုပ်စုရှိ နေအိမ်များ ပြန်လည်ထူထောင်ရေး ဆွေးနွေး
Apr 15,2025
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာအုပ်စုရှိ နေအိမ်များ ပြန်လည်ထူထောင်ရေးအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ကေလာကျေးရွာရှိ ငလျင်ဘေးဒဏ် ရှေ့တန်းကွပ်ကဲမှုရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၌ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန်ရည်ရွယ်ပြီး ပရိတ်တရားများ ရွတ်ဖတ်ပူဇော်
Apr 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန်ရည်ရွယ်၍ (၁၃.၄.၂၀၂၅) ရက်နေ့ ည (၁၉း၀၀) နာရီမှစတင်၍ ကျောက်တန်းမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ရုံး၌ မြို့နယ်သံဃနာယက ဆရာတော်များမှ ဦးဆောင်၍ သံဃာတော် (၁၈) ပါးဖြင့် ပရိတ်တရားတော်များအား ရွတ်ဖတ်ပူဇော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးများရှိ မြို့နယ်အသီးသီးတွင် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် အေးချမ်းသာယာစွာ ကျင်းပပြုလုပ်
Apr 14,2025
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့်ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးများရှိ မြို့နယ်အသီးသီးတွင် မဟာသင်္ကြန်အကျနေ့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် မဟာသင်္ကြန်အကျနေ့ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် စတုဒိသာမုန့်များကျွေးမွေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆင်ပေါင်ဝဲမြို့၊ သီရိမင်္ဂလာလမ်း၌ မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပလျက်ရှိကြောင်းသိရသည်။ ထိုသို့ကျင်းပပြုလုပ်ရာတွင် ဆင်ပေါင်ဝဲမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အေးချမ်းကြည်နူးစွာဖြင့် တစ်ဦးနှင့်တစ်ဦး သပြေခက်ဖြင့် ရေပက်ခြင်းများ၊ ရေလောင်းခြင်းများ၊ စတုဒိသာအကျွေးအမွေးများဖြင့် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22
Page
23
Page
24
Page
25
Current page
26
Page
27
Page
28
Page
29
Page
30
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department