Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကုန်တိုင်းဒေသကြီးတွင် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကြိုနေ့ကို အေးချမ်းသာယာစွာ ကျင်းပပြုလုပ်ခဲ့
Apr 14,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကြိုနေ့ကို ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဖြင့် အေးချမ်းသာယာစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများသဘာဝဘေးအန္တရာယ် ကင်းရှင်းစေရေး အန္တရာယ်ကင်း ရတနသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိ
Apr 14,2025
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်များ ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆရာတော်သံဃာတော်များမှ ရတနသုတ်ပရိတ်တရားတော်(၉)ခေါက်၊ (၉)ရက်တိုင် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ဆဌမမြောက်နေ့အဖြစ် ယမန်နေ့ည ၇ နာရီက မြို့နယ်ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များအတွင်းရှိ ဓမ္မာရုံများ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ မေတ္တာပို့ဆုတောင်းပွဲနှင့် ရှေးဟောင်းဘုရား မြို့တွင်းလှည့်လည်ပူဇော်ပွဲ ကျင်းပ
Apr 14,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကပ်ဘေးအပေါင်းမှ ကင်းဝေးစေရန် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးနှင့် စပ်လျဉ်း၍ မေတ္တာပို့ဆုတောင်းပွဲနှင့် ဟိုခုံပရိယတ္တိစာသင်တိုက်ရှိ ရှေးဟောင်းဘုရား(ဖကျောက်တစ်) နှစ်ဆူအား မြို့တွင်းလှည့်လည်ပူဇော်ပြီး ဘုရားရေသပ္ပာယ်ခြင်း အခမ်းအနားကို သင်္ကြန်အကျနေ့က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် သင်္ကြန်တွင်းအခါ၌ ဒုလ္လဘရဟန်း၊ ရှင်သာမဏေပြုသူ အပါး(၁၀၀၀)ခန့်ရှိ
Apr 14,2025
မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာအရ အတာသင်္ကြန်အခါ၌ ကုသိုလ်ကောင်းမှုအစုအစု ပြုမူဆောင်ရွက်ကြရာ သင်္ကြန်အခါမတိုင်ခင်ကပင် မြတ်ဗုဒ္ဓ၏ အမွေအနှစ် သားတော်များအဖြစ် နေရာဒေသအနှံ့အပြား၌ ဒုလ္လဘရဟန်း၊ ရှင်သာမဏေပြု၍ သာသနာ့ဘောင်သို့ ခဏတာဝင်ရောက် ကျင့်ကြံ၊ ကြိုးကုတ်၊ အားထုတ်ဆောင်ရွက်ကြပြီး ယခုနှစ်မဟာသင်္ကြန်တွင်း အခါ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ မြို့ပေါ်ကျောင်းတိုက်များတွင် ဒုလ္လဘရဟန်း၊ ရှင်သာမဏေပြုသူ အပါး(၁၀၀၀)ခန့်ရှိကြောင်း မြို့နယ်၏ ဆရာတော်၊ သံဃာတော်များထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက်ကျင်းပ
Apr 14,2025
၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပုသိမ်မြို့ ကမ်းနားလမ်းရှုခင်းသာရင်ပြင်၌ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးစပါး အထွက်နှုန်းတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနား မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စ…
Apr 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု၊ ဆင်ကျုံးကွင်းကျေးရွာ တောင်သူဦးအောင်မင်းထွန်းပါ(၄)ဦးတို့၏ ကွင်းအမှတ်(၂၃၇ က)၊ လယ်မြေ(၁၀)ဧကတွင် ၁၂-၄-၂၀၂၅ ရက်နေ့နံနက်က မိုးစပါးအထွက်နှုန်းတိုးတက်စေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲနှင့်မျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ Mercy Malaysia မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်
Apr 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၁၂ ရက်နေ့က ဆေးဝါးကုသလျက်ရှိသော လူနာများနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာများအတွက် Mecry Malaysia မှ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိ
Apr 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေးတွင် တည်ရှိသော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးတွင် မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23
Page
24
Page
25
Page
26
Current page
27
Page
28
Page
29
Page
30
Page
31
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department