အမြို့မြို့အနယ်နယ်သတင်းများ

May 16,2021
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုး ပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍
May 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန့်နေ့ နံနက် ၁၀ နာရီခွဲ၌ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
May 16,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုထာန (Community Centre) ခန်းမတွင် စာရေးဆရာအောင်သင်း၏ "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
May 15,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အမျိုးသားအဆင့် ဘောလုံးအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားဘောလုံးအသင်း (U-21)အား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခြင်းနှင့်‌ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
May 15,2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား သံတွဲခရိုင်၊ တောင်ကုတ်မြို့၊ မြို့သစ်ဖော်ထုတ်ခြင်းလုပ်ငန်း နှင့်ပတ်သက်၍ ထာဝရအောင်မြေအများပိုင်ကုမ္ပဏီမှ ဥက္ကဋ္ဌ၊ ဦးကျောက်တောင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံကြသည်။
May 15,2021
ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ဖား​ဆောင်းမြို့နယ်အတွင်း နယ်စပ်​ဒေသဖွံ့ဖြိုး​ရေး(ပြည်နယ်) ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့်​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို ယ​​နေ့နံနက်(၉)နာရီ အချိန်က ပြည်နယ် တည်​ဆောက်​ရေးလုပ်ငန်းများ၏ အရည်အ​သွေးစစ်​ဆေး​ရေး​ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး​ကော်မတီအဖွဲ့ဝင် ဦး​စောဟူးဟူးနှင့် ​ကော်မတီဝင်များ၊ ပြည်နယ်နယ်စပ်​ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြား​ရေးမှူး ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊​ ဘောလခဲခရိုင် တည်​ဆောက်​ရေးလုပ်ငန်းများ၏ အရည်အ​သွေးစစ်​ဆေး​ရေး​ကော်မတီဥက္ကဋ္ဌနှင့်​ကော်မတီဝင် များ၊ ဖား​ဆောင်းမြို့နယ် တည်​ဆောက်​ရေးလုပ်ငန်းများ၏ အရည်အ​သွေးစစ်​ဆေး​ရေး ကော်မတီဥက္ကဋ္ဌနှင့်​ကော်မတီဝင်များက ကွင်းဆင်းစစ်​ဆေးခဲ့ကြသည်။
May 15,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲက မြစ်ကြီး နားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စုအတွင်း ‌ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပြီး တက္ကသိုလ် ကောလိပ် များရှိ ပညာသင်ယူနေကြသော ကျောင်းသား/ ကျောင်းသူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စားသောက်စရိတ်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။