အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မဲစာရင်းလာရောက်မကြည့်ရှုနိုင်သည့် ပြည်သူများအား ဆန္ဒမဲစာရင်းတွင် အချက်အလက်မှန်ကန်စွာ ပါဝင်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များက ယနေ့နံနက် ၇ နာရီက တမြာကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ဝန်ထမ်း များအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းစည်းမျဉ်း စည်းကမ်းများကို သေချာစွာသိရှိနားလည်ပြီး စွမ်းဆောင်ရည် တိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းငွေစာရင်းထိန်းသိမ်းနည်း သင်တန်း ကို ဩဂုတ်လ(၅)ရက်နေ့က ကသာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးခန်းမ၌ စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Aug 06,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေ ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ လွှဲပြောင်းပေး အပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Aug 06,2020
ဒေသအနှံ့အပြားတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်များ အစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူများ၊ ဝက်မွေးမြူရေး သမားများ၊ ဝက်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် စီးပွားရေးထိခိုက်မှု မရှိစေရေးနှင့် ရောဂါ ပျံ့နှံ့ကူးစက်မှု မရှိစေရေးအတွက် ယနေ့နံနက်(၉)နာရီခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၎င်းတို့အဖွဲ့ပိုင် စည်ပင်သာယာရေးဈေးများအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။
Aug 06,2020
ဝါသီးနှံစိုက်ဧကများ တိုးတက်လာစေရေး ဝါစိုက်တောင်သူများကို အသိပညာပေးခြင်းနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးများဖြင့်စိုက်ပျိုးထားသော စိုက်ခင်းများအား ကွင်းသရုပ်ပြပွဲများ လုပ်ဆောင်ပေးလျက်ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာန ဦးထွန်းရှိန် ၏ ပြောကြားချက် များအရ သိရသည်။
Aug 06,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြို့လုလင်ဘူတာနှင့် မြို့သစ်မြို့ဘူတာအကြား ရထားလမ်းမိုင် တိုင်အမှတ် ၃၀၃ /၂-၃ ကြား ပုတီးကုန်းကျေးရွာအနီးရှိ မီးရထားသံလမ်းမှာ မိုးအဆက် မပြတ်သည်း ထန်းစွာ ရွာသွန်းမှုကြောင့် ရထားလမ်းအား မိုးရေတိုက်စားကာ ရထား သံလမ်း ၏ ဇလီဖားတုံး များ ပြုတ်ထွက်ပြီး ရထားလမ်းအောက်ခံမြေသားဘောင်မှာ (၁၄) ပေခန့် ရေ တိုက်စား ပျက်စီး သွားခဲ့သဖြင့် မီးရထားပေါ်လိုက်ပါလာသည့် ခရီးသွား ပြည်သူများ အချိန်(၄) နာရီကျော်ခန့် ခရီးကြန့်ကြာသွား ခဲ့ကြောင်း မြို့လုလင်ဘူတာရုံပိုင်ထံမှ သိရသည်။
Aug 06,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ (CERP) အစီအစဉ်အရ စပါးမျိုးစေ့မျိုးသန့်များ ရရှိစေရန်၊ ရေမြေဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် စပါးမျိုးကောင်းမျိုးသန့်များရရှိစေရန်၊ နှင့် တစ်ဧက ထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးသန့်မျိုးပွားမျိုးစေ့(RS)ကိုအသုံးပြုပြီး မျိုးသန့်မျိုးစေ့ (CS)ကို ရရှိပြီးအသွေးပြည့်မီစေရန် အတွက် ချောင်းဆုံမြို့နယ်မျိုးစေ့ထုတ်ဧက(၂၀၀)ကို ယခုနှစ်မိုး ရာသီတွင် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ သိရသည်။
Aug 06,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပြည်သူထည့်ဝင်ငွေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ပူးပေါင်း၍ တမာတန်းလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှ သိရသည်။