အမြို့မြို့အနယ်နယ်သတင်းများ

Apr 13,2025
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၁၈)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
Apr 13,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦး‌ဆောင်မှုဖြင့် တစ်နိုင်ငံလုံးမှ ရဟန်းရှင်လူပြည်သူအများ သဘာဝဘေးအန္တရာယ်များမှကင်းဝေးစေရန်ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီ ၈ ရက်နေ့  ညပိုင်းမှစ၍  တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ  ဘုန်းတော်ကြီးကျောင်းစာသင်တိုက်များ၊ ရပ်ကွက်များရှိ ဘုရားစေတီများ၊ ဓမ္မာရုံများနှင့် ဌာနဆိုင်ရာရုံးများ၌ ဆောင်ရွက်လျက်ရှိရာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို   ယနေ့နံနက် (၈) နာရီတွင် မကွေးမြို့ မြသလွန်စေတီတော် မဟာဝိဇယရံသီ တန်ဆောင်းတော်၌ ကျင်းပပြုလုပ်သည်။
Apr 13,2025
၂၀၂၅ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်၍ လှူဒါန်းပေးလျက်ရှိရာ ဧပြီ ၁၁ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ခါကာဘိုရာဇီခန်းမရှိ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရုံး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်သည်။
Apr 13,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမ၌ ကျင်းပသည်။
Apr 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဘုရားဖူးပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးအား ဖူးမြော်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ အရှေ့ဘက်ကန်သာယာကန်ရှိ အဆိုပါစေတီတော်ကြီးနှင့် ရင်ပြင်ပတ်ဝန်းကျင်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ် ကွက်နေပြည်သူများမှ စေတီတော်ကြီးအား ရေသပ္ပာယ်ခြင်းနှင့် ရင်ပြင်ပတ်ဝန်းကျင်အားစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
Apr 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာအုပ်စုတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပသော သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ တက်ရောက်ခဲ့ကြသည်။