Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေသောင်ယံမြို့တွင် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီက ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရန် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများဖြစ်သည့် စစ်ဆေးရေးဂိတ်များ၊ ကားဂိတ်များနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 11,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံးပါဝင် မဲပေးနိုင်ရေး၊ ရွေးကောက်ပွဲ လှုံ့ဆော်မှု (Campaign) ကို ယနေ့နံနက်ပိုင်းက ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နာရီစင်အနီး၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့(ခွဲ) အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့်ပူးပေါင်းကာ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက်"ဒို့အတူတူမဲပေးကြမယ်"အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးရှေ့မှ ကန္နားလမ်းတစ်လျောက်၊ အများပြည်သူသွားလာစည်ကားရာ လမ်းဆုံလမ်းမများတွင် ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့်ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ ကြိုတင်မဲကိစ္စ…
Dec 11,2025
ကသာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ကြိုတင်မဲပေးခြင်းကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 11,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) တို့၌ ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခြင်းများ ဆောင်ရွက်
Dec 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကိုမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၁၁ ရက်နေ့က ကမြောကင်းလမ်း ဆန်းချီလမ်းဆုံ၌ ပြည်သူများအား လက်ဝယ်အရောက် ဝေငှပေးသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ် အောင်ဇေယျာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Dec 11,2025
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အောင်ဇေယျ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကေ့ာကရိတ်မြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရေး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၂/၂၀၂၅) ဖွင့်လှစ်
Dec 11,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရေး၊ မိသားစုဝင်ငွေ တိုးပွားလာစေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးလာစေရေးတို့အတွက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နေ့က ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက် ခရိုင်သီးသန့်ရဲဝင်းတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ကော့ကရိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27
Page
28
Page
29
Page
30
Current page
31
Page
32
Page
33
Page
34
Page
35
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department