အမြို့မြို့အနယ်နယ်သတင်းများ

Mar 26,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊  မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းတွင် ပြည်စံအောင်ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများအား ဖြန့်ဝေ‌ပေးခဲ့သည်။
Mar 26,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
Mar 26,2025
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယနေ့နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
Mar 26,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၈၀)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က တာလေမြို့စျေး၌ ဒေသခံပြည်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Mar 26,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဒုတိယအကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ရင်းမှီးပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ရာအစည်းအ‌ဝေးကို နမောတဿဂါထာသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးခဲ့ကြောင်း သိရသည်။
Mar 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာဦးစီးဌာနနှင့် ဒလမြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်‌သော ကျောင်းသားကြက်ခြေနီအသင်းများ ဖွဲ့စည်းနိုင်ရေးအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာ သင်တန်းကို မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Mar 26,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ချောက်မြို့မဈေးနှင့် ဌာနဆိုင်ရာများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများ ကလက်ကမ်းစာစောင်များ ဖြန့်ဝေပေး‌ခဲ့သည်။
Mar 26,2025
စေတုတ္တရာမြို့နယ်တွင် မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှု သနပ်ခါးလိမ်းခြယ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။