ချင်းပြည်နယ်

ဟားခါး၌ ဘက်စုံသားဖွားဒီပလိုမာ သင်တန်းသူများ၏ (ပထမ)အကြိမ်မြောက် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ချင်းပြည်နယ် ဟားခါးမြို့ သားဖွားသင်တန်းကျောင်း၏ ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်းသူများ၏ (ပထမ)အကြိမ်မြောက် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်း သင်တန်းခန်းမ၌ ကျင်းပသည်။

တွန်းဇံမြို့၌ ပြည်သူ့စကားဝိုင်းကျင်းပ

ကိုရိုနာဗိုင်ရပ်စ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန် တွန်းဇံမြို့၊ ချင်းရွှေပြည်အားကစား ခန်းမတွင် ကျင်းပသည်။

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်ခြင်း အခမ်းအနား ဖလမ်း၌ကျင်းပ

တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် အခွင့်အရေးများကို သိရှိနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရးအတွက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲက ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ ပိုမိုကောင်းမွန်နိုင်ရေးဆွေးနွေး

စည်ပင်သာယာရေးအဖွဲ့နှင့် လောကအလင်းတို့ပူးပေါင်း၍ ဖလမ်းမြို့တွင်း အမှိုက်သိမ်းဆည်း ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်နိုင်ရေး ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်နေ ဒေသခံပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ် သည်။

ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ချင်းပြည်နယ် ဟားခါးမြို့ ဗိုလ်ချုပ်လမ်းစျေးသစ်ရပ်ကွက်ရှိ အဆိုပါ ရုံးအဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အဆောက်အဦသစ်အား ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့်သတ္တု ဝန်ကြီး ဦးမာန်ဟင်းဒါလ် ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံဘဏ္ဍာ) ဦးအောင်ကျော်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် အဆောက်အဦသစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

ဖလမ်းမြို့နယ်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖလမ်းမြို့နယ်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဖလမ်းမြို့ လူမှုဝန်ထမ်းမူကြိုကျောင်း၌ ပြုလုပ်သည်။

စိုက်ပျိုးရေးဌာနမှ ရိခေါ်ဒါရ်မြို့တောင်သူများထံ ဝဥမျိုးစေ့ အခမဲ့ဖြန့်ဝေပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရိခေါ်ဒါရ်မြို့ဒေသ စိုက်ပျိုးရေး ထုတ်ကုန် ပိုမိုဖွံ့ဖြိုးမြှင့်တင်နိုင်ရေးနှင့် တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းဖြင့် မိသားစု ဝင်ငွေ ပိုမိုတိုးပွားစေရေးအတွက် တောင်သူဦးကြီးများထံ ဝဥမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၂၅)ရက်နေ့ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်း၌ ကျင်းပခဲ့သည်။

ထန်းတပင် ဖေဖော်ဝါရီ ၂၇ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံ ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျွဲကူးကျေးရွာအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ပေးအပ်ပွဲတွင် မြို့နယ်က

ချင်းပြည်နယ် တီးတိန်မြို့တွင် ဖလမ်းခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့က မြို့ပေါ်ရှိ စျေးဆိုင်များ၊ ဆေးဆိုင်များအား နိုင်ငံပိုင် သတင်းစာပါ စားသုံးရန်မသင့်သော အစားအသောက်များနှင့် သုံးစွဲရန်မသင့်သော ဆေးဝါးများ ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းနှင့် အန္တရာယ်ကင်း စားသောက်ကုန်များ ရောင်းချနိုင်ရေး ပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်အဖွဲ့က ဖလမ်းမြို့နယ် ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများအတွက် အရေးပေါ်ပြန်လည်ထူထောင်ရေးစီမံကိန်း (Flood and Landslides Emergency Recovery Project, FLERP) တွင်ပါဝင်သော ချင်းပြည်နယ်၊ ကလေး-ဖလမ်း-ဟားခါးလမ်း လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်အဖွဲ့၊ International Environmental and Social Safeguard Specialist နှင့် National Social Safeguard တို့နှင့် ဖလမ်းမြို့နယ်ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်က ဖလမ်းမြို့ Chin Centre ခန်းမ၌ ပြုလုပ်သည်။

ဟားခါးမြို့၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ အာဟာရမှန်ကန်စွာ ကျွေးမွေးနိုင်ရေး ချမ့်စ်ကလေးအားဆေးက ကြီးမှူးပြီး ချင်းပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကလေးများဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအချိန်ထိ ချင်းပြည်နယ်ဟားခါးမြို့ Carson Hall ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်